Wednesday, January 22, 2014

Daily Online News Android application APK အား Version မြှင့် သုံးကြရန်

Daily Online News မှသတင်းများကို Android Phone နဲ့  Tablet များ ပေါ်မှ ဖတ်ရှူနိုင်စေဖို့  Android Application APK လေးကို New Version 2.0 အနေဖြင့်ပြုလုပ်ပေးလိုက်ပါပြီ။
အခုလက်ရှိအသုံးပြုနေသော Version(1.0) တွင် နောက်ထပ် သတင်းအသစ်များထပ်တက်တော့မည် မဟုတ်ပါသောကြောင့် New Version(2.0) အား
အောက်ပါ Link မှ Download ရယူ ပြီး မိမိတို့ ၏ Android OS များပေါ်တွင် Install လုပ်ပြီး ( Sync Now ) နှိပ်ပြီး ဖတ်ရှူနိုင်ကြပါပြီ ။
  အားလုံး ကို အထူးကျေးဇူးတင်ပါသည်..................

Daily Online News  Andriod application New Version(2.0) အား Download ရယူရန်   -  ဒီမှာနှိပ်ပါ

Sunday, January 19, 2014

အမြန်လမ်းတွင် ယာဉ်တိုက်ရာ၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေဆုံး

၂၀၁၀ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ချိုသည် အမြန်လမ်းယာဉ်မှောက်မှုတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၃ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ်-၂၇၂/၆ နှင့် ၂၇၂/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးမြင့်ချိုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၈၈ ခုနှစ်အထိ ဆောက်လုပ်ရေးဝန်ကြီးဖြစ်ခဲ့သည့် ဗိုလ်ချုပ်မြင့်လွင်၏ သားမက်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ကြောင်း လမ်းမတော်မြို့နယ် အမှတ်-၅ ရပ်ကွက်မှ စုံစမ်းသိရှိရသည်။
““ယာဉ်တိုက်မှုဖြစ်တဲ့နေရာနားမှာပဲ ဂူသွင်းသင်္ဂြိုဟ်လိုက်တယ်”” ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းလိုက်ပါလာသောယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ကပ်တုံးများကို ၀င်ရောက်တိုက်မိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော ကျန်နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။
ယာဉ်မောင်းထွန်းဇော်အား ပေပင်လေးအမြန်လမ်းရဲစခန်းမှ ယာဉ်ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။
သန်းဌေး

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရသည့်ယာဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်Photo: အမြန်လမ်းတွင် ယာဉ်တိုက်ရာ၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေဆုံး

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရသည့်ယာဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်
၂၀၁၀ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ချိုသည် အမြန်လမ်းယာဉ်မှောက်မှုတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၃ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ်-၂၇၂/၆ နှင့် ၂၇၂/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးမြင့်ချိုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်  ၁၉၈၈ ခုနှစ်အထိ

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_9311.html#ixzz2qqLBjTh2

ယာဉ်မောင်းကို ကားခေါင်းခန်းမှ တစ်နာရီခွဲကြာဖျက်ဆီးထုတ်ယူခဲ့ရသည့် လှိုင်မြို့နယ်မှ ယာဉ်တိုက်မှု

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကားခေါင်းခန်းအတွင်း ညပ်နေသည့်ယာဉ်မောင်းကို အချိန် ၁ နာရီခွဲခန့်ကြာအောင် ဆွဲထုတ်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိ သူများထံမှ သိရှိရသည်။

“ကားနှစ်စီးအင်းစိန်ဘက်ကနေ ရှေ့ဆင့်နောက်ဆင့် မောင်းလာတာ၊
လှိုင်ရတနာဈေးနဲ့ မျက်နှင်ချင်းဆိုင် တည့်တည့် ကိုးသုံးလုံး လေမှုတ်စက်အရောင်းဆိုင်ရှေ့ရောက်တဲ့အချိန်မှာ ရှေ့ကားကရပ်လိုက်တော့ နောက်ကလိုက်လာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ ရှေ့ကားကို ၀င်တိုက်မိတာ။ နောက်က ကားခေါင်းခန်း တော်တော်ကျေမွပျက်စီးသွားတယ်။ ခေါင်းခန်းထဲမှာ ယာဉ်မောင်း အပါအ၀င် သုံးယောက်ပါတယ်။ နောက်ခန်းထဲမှာအမျိုးသမီးနှစ်ယောက်ပါ တယ်။ယာဉ်မောင်းက ခြေထောက် ညပ်ပြီး နှုတ် မရတော့ဘူး။

ကျန်နှစ်ယောက်မှာ ကားခေါင်းမှန်တွေကွဲပြီးမှန်စတွေမှန်လို့ တစ်ကိုယ်လုံးသွေးတွေ ပေကျံနေတာ တွေ့ရတယ်''ဟု ယာဉ်တိုက်မှုကို သွားရောက်ကြည့်ရှု့ခဲ့သူ ကိုသိုက်က ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပြီးခဏအကြာတွင် အရေးပေါ်ကားနှစ်စီး၊ မီးသတ်ကားတစ်စီးရောက်ရှိလာကြောင်း၊ ထို့နောက် ကရိန်းကား ရောက်ရှိလာကြောင်း၊ကားခေါင်းခန်းထဲတွင် ခြေထောက်
ညပ်နေသောယာဉ်မောင်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး သမားများက သံဖြတ်လွှများသုံးကာ ခြေထောက်ကို ညပ်နေသော အပိုင်းအစအချို့ကို ဖြတ်ထုတ်၍ ယာဉ်မောင်းကိုဆွဲထုတ်ခဲ့ ရသည်ဟု ၄င်းကဆက်ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှာ ၀င်းထိုက်အောင် (၁၃)ရပ်ကွက်၊လှိုင်မြို့နယ်နေသူမောင်းနှင်လာသည့် ကင်တာ အမျိုးအစား အဖြူရောင်ကိုယ်ပိုင်ကင်တာယာဉ်အမျိုးအစား ၃ခ/----မှ အင်းစိန်လမ်းမ ဘာတာ မှတ်တိုင်အနီး အရောက်တွင် ၎င်းရှေ့မှသွားနေသော ၈င/----လိုက်ထရပ် ယာဉ်ကို နောက်မှ ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့်ယာဉ် ၂ စီးပျက်စီးပြီး လိုက်ထရပ်ယာဉ်မောင်းတွင် နဖူးစုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ကင်တာယာဉ်မောင်းတွင် နဖူးစုတ်ပြဲ၊နားနှစ်ဖက်ပွန်းခြစ်၊၀ဲဒူးအောက်ဖူးရောင်စုတ်ပြဲဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးအတွင်းလူနာ (စိုးရိမ်ရ)များအဖြစ် ကုသနေရသည်ဟု ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အဆိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ကင်တာယာဉ်မောင်းကို အရေးယူပေးရန် ယာဉ်ထိန်းတပ်ဖွဲ့စု ၁၆၊ လှိုင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်တိုင်ကြားပြီး လှိုင်မြို့နယ်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့်ထား သည်။

ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်

http://myawadynews.blogspot.com/2014/01/blog-post_7507.html

 Photo: ယာဉ်မောင်းကို ကားခေါင်းခန်းမှ တစ်နာရီခွဲကြာဖျက်ဆီးထုတ်ယူခဲ့ရသည့် လှိုင်မြို့နယ်မှ ယာဉ်တိုက်မှု

အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်သည် ဗေဒင်အရ ရောက်ရှိခြင်းဖြစ်ခဲ့လျှင် ၎င်းတို့၌ ကြီးမားသည့် အန္တရာယ် ကျရောက်နိုင် ရန်ကုန်၊ ဇန်ဝါရီ ၁၅

အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာခြင်းသည် ဗေဒင်အရ ရောက်ရှိခြင်း ဖြစ်ခဲ့လျှင် အစားထိုးသည့် လူနှစ်ယောက်လုံး၌ ကြီးမားသည့် အန္တရာယ် ကျရောက်သွားနိုင်ပြီး ၎င်းတို့၏ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး အန္တရာယ်များ ကျရောက် နိုင်သည်ဟု ဇန်န၀ါရီ ၁၄ ရက်တွင် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးမှာ အင်္ဂါနာမ်ဖြင့် နာမည် စတင်ထားသည့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း ၂၅၅၀၄)နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်(ကြည်း ၂၆၀၇၀) တို့ ဖြစ်သည်။

လူထုက ရွေးထားသည့် လူတစ်ယောက်၏ ပါဝါကို ပါဝါနှင့် ရွေးထားသည့်လူက ယှဉ်၍ မရကြောင်း၊ ယင်းတို့သည် ယခုရက်ပိုင်းတွင် အန္တရာယ် ကျရောက်နိုင်ကြောင်း၊ ပါဝါများသည် အင်္ဂါသမီး (ဒေါ်အောင် ဆန်းစုကြည်)ကို အဆိုး ရောက်ရှိခြင်း မရှိ၊ အစားထိုးသည့်သူသာ အစားခံရမည် ဖြစ်ပြီး ပါဝါချင်း မတူလျှင် ဒုက္ခရောက်နိုင်သည်ဟု ၎င်းက ပြောသည်။

လွှတ်တော်ထဲတွင် အင်္ဂါသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ရောက်ရှိခြင်းနှင့် ပတ်သက်၍ ““တပ်မတော် ကနေ အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦး ထားတာ သမားရိုးကျလည်း ဖြစ်နိုင်တယ်။ သမားရိုးကျ မဟုတ်တဲ့ ဗေဒင်အရဆိုရင် အင်္ဂါသမီးကို ထားတာက အင်္ဂါသမီးကို attack လုပ်ဖို့ထားတာ ဖြစ်နိုင်တယ်။ အင်္ဂါ သမီးကို attack လုပ်ရင် ဗေဒင်ပညာမှာ ဓာတ်တူချင်းယှဉ်ရင် အသေရတဲ့ သဘောရှိတယ်။ ဓာတ်တူချင်းမို့ ခံနိုင်ရည် မရှိရင် attack လုပ်တဲ့သူက ပြန်ပြီး ဒုက္ခရောက်အောင် ယတြာချေတာ၊ မနိုင်ရင် ချေတဲ့သူက ဒုက္ခရောက်တယ်။ အားနည်းခြင်း၊ အားသာခြင်းက ဗေဒင်ပညာမှာ ဘုန်းကံနဲ့ ဆိုင်တယ်။ ဘုန်းကံချင်း မယှဉ်နိုင် ရင် လာယှဉ်တဲ့ သူမှာ အန္တရာယ်ရှိတယ်။ ဗေဒင်အစားထိုးတယ်ဖြစ်စေ၊ attack လုပ်တယ်ဖြစ်စေ အင်္ဂါ (၂)ခုလုံး အန္တရာယ်ရှိတယ်။ အခန့်မသင့်ရင် အသက်ဘေး ကြုံနိုင်တယ်။ အစားထိုးတဲ့ အရာတွေက ကိုယ်စားပြုပြီး အစားခံပေးတယ်။ အင်္ဂါသမီး ပျက်ဖို့အတွက် အင်္ဂါသမီး နှစ်ယောက်လုံးကို စတေးတာလည်း ဖြစ်နိုင်တယ်။ လမ်းခင်းတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ သူတို့ ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပေါ့”” ဟု ဆရာ စံ-ဇာဏီဘိုက သုံးသပ် ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲရာ၌ ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း ၂၇၁၉၁) အစား ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း၂၅၅၀၄)၊ ဗိုလ်မှူး ကျော်ကျော်သက် (ကြည်း၃၃၁၄၄) အစား ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း ၂၆၀၇၀)၊ ဗိုလ်မှူးလေးနိုင် (ကြည်း၂၂၀၃၁) အစား ဗိုလ်မှူးဆွေလင်းမြင့် (ကြည်း ၃၁ ၅၈၅) နှင့် ဗိုလ်မှူး ကျော်မင်းဇော် (ကြည်း ၂၆၁၄၅) အစား ဗိုလ်မှူးတင့်လွင် (ကြည်း ၃၂၄၀၂) တို့ဖြစ်သည်။

တင်ဇာအောင်

MyanmarCnn IBlogger
 Photo: အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်သည် ဗေဒင်အရ ရောက်ရှိခြင်းဖြစ်ခဲ့လျှင် ၎င်းတို့၌ ကြီးမားသည့် အန္တရာယ် ကျရောက်နိုင်

ရန်ကုန်၊ ဇန်ဝါရီ ၁၅

အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာခြင်းသည် ဗေဒင်အရ ရောက်ရှိခြင်း ဖြစ်ခဲ့လျှင် အစားထိုးသည့် လူနှစ်ယောက်လုံး၌ ကြီးမားသည့် အန္တရာယ် ကျရောက်သွားနိုင်ပြီး ၎င်းတို့၏ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး အန္တရာယ်များ ကျရောက် နိုင်သည်ဟု ဇန်န၀ါရီ ၁၄ ရက်တွင် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးမှာ အင်္ဂါနာမ်ဖြင့် နာမည် စတင်ထားသည့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း ၂၅၅၀၄)နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်(ကြည်း ၂၆၀၇၀) တို့ ဖြစ်သည်။

လူထုက ရွေးထားသည့် လူတစ်ယောက်၏ ပါဝါကို ပါဝါနှင့် ရွေးထားသည့်လူက ယှဉ်၍ မရကြောင်း၊ ယင်းတို့သည်

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_2966.html#ixzz2qkgnC7Dx

*ဂုဏ်ယူစရာ အမေအို *

ဒီအမေအိုရဲ့အသက်က ၇၇နှစ်ပါ။
လက်ထဲမှာ တောင်ဝှေးတစ်ချောင်းပါသလို အိတ်ခွံကြီးတစ်လုံးလည်းပါပါတယ်။ ထိုအိတ်ကို အကဲခတ်ကြည့်လိုက်တော့ အိတ်ထဲမှာ ရေသန့်ဗူးခွံတို့ ဘီယာဗူးခွံတို့ ဖိနပ်အပျက်တို့ကို တွေ့ရလို့ ဒီအသက်ရွယ်မှာ ဒီလုပ်ငန်းလုပ်နေရတော့ စိတ်ဝင်စားလို့ နည်းနည်းမေးမြန်းကြည့်မိပါတယ်။

ဝမ်းနည်းရမလိုလို ဝမ်းသာရမလိုလို ဖြစ်သွားတယ်။ အမေကြီးပြောတာလေးကတော့ သားသမီးမရှိဘူးတဲ့။ တစ်ယောက်တည်းနေတာပါတဲ့။ပင်စင်လစာကတော့ တစ်လ ၂ သောင်းကျပ်ရပါတယ်တဲ့။

သူ့အတွက်လုံလောက်ပါတယ်တဲ့။အခုရေသန့်ဗူးခွံတွေ ဖိနပ်ပျက်တွေလိုက်ကောက်တာ သူစားဝတ်နေရေးအတွက်မဟုတ်ပါဘူး။ပင်စင်လစာက သူ့အတွက်လုံလောက်တယ်ဆိုပေမယ့် လှူဖို့တန်းဖို့ မရှိဘူးတဲ့။

လှူ ချင်တဲ့စိတ်သာရှိတာ လှူ စရာမရှိဘူးတဲ့။ဒါကြောင့် လှူ နိုင်အောင် ဝင်ငွေရှာတာပါတဲ့။ဒီ ဗူးခွံတွေ လိုက်ကောက်ပြီ်းပြန်ရောင်းတာ တနေ့ကိုတစ်ထောင်လောက်တော့ရပါတယ်။အဲဒီငွေလေးနဲ့ နံနက်တိုင်းဆွမ်းချက် ပြီး ဆွမ်းလောင်းနိုင်တာပါလို့ အားရပါးရ ပြောပြပါတယ်။သူအတွက်တော့ တနပ်ပဲစားပါတယ်။အသက်ကြီးတော့ ဗိုက်ကသိပ်မစာပါဘူးတဲ့။ဆွမ်း ဆွမ်းဟင်းအမြဲလှူ နိုင်အောင် ဗူးခွံကောက်ဝင်ငွေ ရှာတာပါတဲ။တစ်လလျှင်တစ်ကြိမ်တော့ ဟင်းကောင်းကောင်းလေးချက်ပြီးဆွမ်းလောင်းနိုင်ပါတယ်လို့လဲ မမောနိုင်ပဲ ဖြေရှာပါတယ်။

ဗူးခွံကောက်ရင်း ကျောင်းတိုက်ထဲရောက်ရင်လည်း ရှင်သာမဏေများအား လှူ ဖို့ မုန့်ထုတ် ချိုချဉ်ထုတ်များကိုလည်း တခါတည်းယူလာတတ်ပါတယ်။ အမေအသက်ရှင်သရွေ့တော့

မလှူပဲမနေနိုင်ပါဘူးတဲ့။အသက်ရှင်သရွေ့တော့ တတ်နိုင်သလောက်ချွေးနည်းစာလေးနဲ့ လှူနေဦးမယ်ဆိုတဲ့ အမေအိုပေါ့ဗျာ ...။

ပေးပို့သူ
အညတရ အသျှင်

Min Mahar

တွေ့ရှိတဲ့ သူများကလည်း အကူအညီပေးကြပါဗျာ...

Ref: Tanintharyi Thar

စွယ်စုံကျမ်း
 Photo

ရဲနဲ့ ရိုဟင်ဂျာ ပဋိပက္ခ လူသေ မသေ အငြင်းပွား

ရခိုင်ပြည်နယ် မောင်တောမြို့က ကျေးရွာ တစ်ရွာမှာ ပျောက်ဆုံး ခဲ့တဲ့ ရဲတပ်ကြပ်ကို ရှာဖွေ စစ်ဆေးရာမှာ လူသေဆုံးမှု ရှိတယ်ဆိုတဲ့ ပြောဆိုမှု တွေကို အစိုးရ ဘက်က ငြင်းဆိုပါတယ်။

အာဏာပိုင် တွေက လောလောဆယ် ရွာသား(၈၀)ကျော်ကို ဖမ်းဆီး ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ဒူချီရာတန်း အလယ်တန်း ကျေးရွာမှာ ရွာသား ၄ ယောက်ကို ရဲက ရှာဖွေစစ်ဆေးဖို့ ကြိုးစားရာ ကနေ ရဲနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ကြပ် ပျောက်ဆုံး ခဲ့တာလို့ ရဲဘက်က ပြောပါတယ်။

ရွာသားတွေ ကတော့ ရဲတစ်ယောက် ကျန်ရစ် ပျောက်ဆုံးနေတာ မရှိဘူးလို့ ငြင်းပါတယ်။

ရွာသား ၄ ယောက်ကို ရှာဖွေ ရတဲ့ အကြောင်း ကတော့ ပြီးခဲ့တဲ့ အပတ်က ပျောက်ဆုံး သွားတဲ့ ရိုဟင်ဂျာ ၈ ယောက်ရဲ့ အလောင်းကို တွေ့ရှိပြီး ဓါတ်ပုံရိုက်ယူ ခဲ့တဲ့ အတွက် အဲဒီလူတွေကို ရဲက လိုက်လံ ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားတာလို့ ရွာသားတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ညနေပိုင်း ရောက်တော့ ရဲတပ်ဖွဲ့က အင်အားဖြည့်တင်းပြီး ပြန်ရောက် လာခဲ့ကြပြီး ရွာသားတွေနဲ့ နောက်ထပ် ပဋိပက္ခ ဖြစ်ပွားခဲ့ပြန်တဲ့ အတွက် ရွာသား ၈ ယောက် ထပ်မံ သေဆုံး သွားတယ်လို့ ရိုဟင်ဂျာရွာ သားတယောက်က ပြောပါတယ်။

ရွာသားတွေ ဘက်က ဒီလို စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရ ကို မေးမြန်းကြည့်ရာမှာ ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဦးဝင်းမြိုင်က သေဆုံးသူ တစ်ယောက်မှ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရွာသား ၈၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ ဒူချီရာတန်း ရွာသားတွေ အားလုံး အနီးတဝိုက် ရွာတွေဆီကို ထွက်ပြေး တိမ်းရှောင် နေတယ်လို့ သိရတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 Photo: ရဲနဲ့ ရိုဟင်ဂျာ ပဋိပက္ခ လူသေ မသေ အငြင်းပွား

ရခိုင်ပြည်နယ် မောင်တောမြို့က ကျေးရွာ တစ်ရွာမှာ ပျောက်ဆုံး ခဲ့တဲ့ ရဲတပ်ကြပ်ကို ရှာဖွေ စစ်ဆေးရာမှာ လူသေဆုံးမှု ရှိတယ်ဆိုတဲ့ ပြောဆိုမှု တွေကို အစိုးရ ဘက်က ငြင်းဆိုပါတယ်။

အာဏာပိုင် တွေက လောလောဆယ် ရွာသား(၈၀)ကျော်ကို ဖမ်းဆီး ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ဒူချီရာတန်း အလယ်တန်း ကျေးရွာမှာ ရွာသား ၄ ယောက်ကို ရဲက ရှာဖွေစစ်ဆေးဖို့ ကြိုးစားရာ ကနေ ရဲနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ကြပ် ပျောက်ဆုံး ခဲ့တာလို့ ရဲဘက်က ပြောပါတယ်။

ရွာသားတွေ ကတော့ ရဲတစ်ယောက် ကျန်ရစ် ပျောက်ဆုံးနေတာ မရှိဘူးလို့ ငြင်းပါတယ်။

ရွာသား ၄ ယောက်ကို ရှာဖွေ ရတဲ့ အကြောင်း ကတော့ြ

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_7480.html#ixzz2qkBFIbEF

ပဲခူးတိုင်း၊အနောက်ပိုင်း၊နတ်တလင်းမြို့နယ်၊ဒမငယ်အ-ထ-က၏ သတ္တမအကြိမ်အာစရိယ ပူဇော်ပွဲ

ပဲခူးတိုင်း၊အနောက်ပိုင်း၊နတ်တလင်းမြို့နယ်၊ဒမငယ်အ-ထ-က၏ သတ္တမအကြိမ်အာစရိယ ပူဇော်ပွဲကို(၁၅-၁-၂၀၁၄)နေ့ကကျင်းပခဲ့ပါသည်။ ကန်တော့ခံဆရာကြီး/ဆရာမကြီး(၄ရ)ဦးတက်ရောက်ကန်တော့ခံကြောင်း သတင်းရရှိပါသည်။