Friday, June 14, 2013

ထိုင်းနိုင်ငံရောက် ဘင်္ဂါလီ၂၀၀၀ခန့် မြန်မာမှထွက်ခွာသွားသူများ ဟုတ်၊မဟုတ် စစ်မည်| ဗန်ကောက်၊ ဇွန်-၁၄

"ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေ သော ဘင်္ဂါလီလူမျိုး ၂၀၀၀ ခန့်ကို မြန်မာ နိုင်ငံမှ အမှန်တကယ် ထွက်ခွာသွားသူများ ဟုတ်၊ မဟုတ် စစ်ဆေးရေးလုပ်ငန်း တစ်ရပ်ကို မြန်မာတာဝန်ရှိသူများက လာမည့် သီတင်းပတ်အတွင်း လုပ်ဆောင် သွားမည် ဖြစ်သည်။
ယခုနှစ် အစောပိုင်းအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မှ ဘင်္ဂါလီများသည် ထိုင်းနိုင်ငံအတွင်းသို့ လှေများဖြင့် ၀င်ရောက်ခဲ့ကြောင်း ယင်း ဘင်္ဂါလီများကို ထိုင်းနယ်မြေအတွင်း ခြောက်လခိုလှုံခွင့်ပြုရန် ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့ရာ မကြာမီ သက်တမ်းပြည့် တော့မည်ဖြစ်ကြောင်း သိရသည်။"

|စံတော်ချိန်သတင်းစာ၊ အတွဲ(၁)၊ အမှတ်(၆၃)၊
စနေနေ့ (၁၅-၆-၂၀၁၃)|

No comments:

Post a Comment