Friday, June 7, 2013

ရထားစက်ခေါင်း ရှန်တိန်အရှိန်လွန်မှု ဖြစ်ပွား ။ မန္တလေး ၊ ဇွန် ၇

(၇-၆-၁၃) ရက်နေ့ ညနေ (၃း၃၀)နာရီ ခန့်က မန္တလေး ၃၅လမ်း နှင့် ၃၆လမ်း ကြား ရှိ ရထားရှိန်တိန် ပြေးလမ်း အပိုင်းတွင် စက်ခေါင်း အမှတ် DD 519 ရှန်တိန်ပြုလုပ်ရာမှ အရှိန်လွန်မှု ဖြစ်ပွားခဲ့သည်။ ထိုသို့ အရှိန်လွန် လမ်းချောကျမှုကြောင့် ရထားလမ်းဂိတ်စောင့် ဝန်ထမ်းအိမ်ယာ ဘေးအဖီတဲ အနည်းငယ် ပျက်စီးခဲ့သည် ။ ကျောင်းမှ ပြန်လာပြီး အိပ်နေသော ကလေးမှာလည်း ထိခိုက်မှု မရှိခဲ့ပါ ။

ယခု အရှိန်လွန် ခဲ့သော စက်ခေါင်းအမှတ် DD 519 သည် (၁၇-၁၀-၁၂) နေ့ကလည်း ဤနေရာတွင်ပင် တကြိမ် ဖြစ်ဘူးခဲ့ပြီး ယခု ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ
၇-၆-၁၃

No comments:

Post a Comment