Tuesday, June 18, 2013

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်)ကို အစိုးရက ပြင်ဆင်ရေးဆွဲရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်မှုများ မှားယွင်းနေကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြထား


[ဒီဥပဒေဟာ မည်သို့ရည်ရွယ်ချက်၊ မည်မျှကြာအောင်၊ ပြည်သူလူထု၏ အကြံပြုချက်များ ငြုံငုံပါဝင်စေအာင် မည်သို့မည်ပုံ ရေးသားပြုစုပြီး
ပြဌာန်းထားခဲ့တာဖြစ်ကြောင်းတွေကိုလည်း အမျိုးသားလွှတ်တော်မှာ
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကိုယ်တိုင် အကျယ်တဝင့် ရှင်းလင်းခဲ့ပြီးနောက် ဥပဒေအသစ် ရေးဆွဲမယ့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ပါတယ်။

ဒီအဆိုဟာလည်း အစိုးရက တင်တာမဟုတ်ဘူး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၇)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြ တင်သွင်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဝန်ကြီးဦးခင်ရီက ဒီလိုအချိန်မှာ ဒီလိုဥပဒေမျိုးကို ဟိုခေတ်ဟိုအခါက ရေးသားပြစုနိုင်ဖို့ ခက်ခဲတာတွေကိုလည်း သမိုင်းကြောင်းနဲ့ ရှင်းလင်းထားတာ ဖြစ်ပါတယ်။

အဓိက ဆိုလိုရင်းကတော့ ၈၂ ခုနှစ် နိုင်ငံသားဥပဒေအပေါ်ထားရှိတဲ့
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ ၈၂ ခုနှစ် နိုင်ငံသား
ဥပဒေကို ပြင်ဆင်မှာ မဟုတ်၊ ခေတ်စနစ်နဲ့ မညီတော့တဲ့ ဒဏ်ကြေး သတ်မှတ်ချက်တွေကို ပြင်ဆင်ပြီး ပိုမိုခိုင်မာစေအောင်ပဲ ဆောင်ရွက်သွားမှာ
ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။]

[Read More : http://www.president-office.gov.mm/zg/issues/civil-right/id-3727]

No comments:

Post a Comment