Thursday, June 6, 2013

မန္တလေးနေ့ စဉ်သတင်းစာသည် မန်းလူထုအတွက် အကျိုးရှိမရှိစမ်းစစ်ကာ အကျိုးမရှိက သတင်းစာအားရပ်နားရန်(သို့ )တာဝန်ရှိသူများအား ရာထူးအသီးသီးမှ ရပ်နားပေးရန် တောင်းဆိုတော့မည် မန္တလေး ၊ ဇွန် - ၆

မန္တလေးနေ့ စဉ်သတင်းစာတွင်ရေးသားချက်အချို့ သည် လူထုအတွက်
အကျိုးမရှိသည်များပါရှိလာကာ ဝါဒဖြန့် ရေးသားမှုတွေလည်း ပါဝင်လာ
တာကြောင့် မန္တလေးလူထုအတွက်ဆုံးရှုံးနစ်နာခဲ့သဖြင့် သတင်းစာအား ရပ်နားပေးရန် (သို့ တည်းမဟုတ်ပါက) တာဝန်ရှိသူများအား ရာထူးအ သီးသီး
မှရပ်နားပေးရန် တောင်းဆိုတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သတင်းစာဆရာများအသင်း တွဲဖက်အတွင်းရေးမှုးလည်းဖြစ် မန္တလေးအခြေစိုက်ဂျာနယ်တစ်စောင်၏ အယ်ဒီတာလည်းဖြစ်သူ ဦးမင်းဒင်က ပြောကြားသည်။

“ဒီလ (၃)ရက်နေ့ သတင်းစာပါ ပုသိမ်ကြီးမှာ ဂြိုလ်သားတွေ့ ဆိုတဲ့
သတင်းမှာ ရေးသားချက်ဟာ လူထုထင်ယောင်ထင်မှား ဖြစ်နေတာကို
ဖြေရှင်းပေးရမယ့်အစား တည်ငြိမ်ရေးကိုထိခိုက်အောင်ရေးသားထားတယ်။ ဒီလိုဖြစ်ရတာဘာကြောင့်လဲ။ သက်ဆိုင် အိုင်တီပညာရှင်ကို
မေးမြန်းဖြေရှင်းရေးသားရမယ့်အစား သတင်းရေးသားသူကပါ ထင်ယောင်ထင်မှားဖြစ်အောင်ရေးသားထားတယ်။ဒီလို ဟန်းဖုန်း နဲ့ ဓါတ်ပုံရိုက်ရင် ဂြိုလ်သားပုံပေါ်တာဟာ ဖုန်းဆော့ဝဲလ်
ကြောင့်ဖြစ်တာလို့ ရေးသားရမှာ ကို ပညာရှင်ကိုမေးပြီး လူထု ယုံကြည်လာအောင်ရေးပြရမှာ ။ဒါကို သတင်းရေးသူက သိသိကြီးနဲ့  ရေးတာပဲလား။တကယ့်ကိုမသိလို့ ရေးတာလား။စုံစမ်းဖော်ထုတ်ဖို့ လိုလာပါပြီ။” လို့  ဦးမင်းဒင်က ဆက်ပြောပါတယ်။


“အဲဒီ (၃) ရက်နေ့ သတင်းစာမှာပဲ “ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဝန်ထမ်းများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ရေးသားမှုဖြင့်
မြန်မာတိုင်းမ် သတင်းဂျာနယ်တွင်ရေးသားသူကို အမှုဖွင့်” ခေါင်းစဉ်နဲ့ ရေး သားထားတယ်။ မြန်မာတိုင်းမ်ဂျာနယ်ဘက်ကိုမေးမြန်းတာမပါဘူး။ဒါဟာ ဖြေရှင်းခွင့်မပေးတဲ့သဘောသက်ရောက်ပါတယ်။ နောက်တခု စဉ်းစားစရာက မန္တလေးနေ့ စဉ်သတင်းစာမှာ သတင်းရေးသားတဲ့ ဆရာ ကျော်မင်းသော် ဟာ လျှပ်စစ်ဝန်ကြီးသတင်းထောက် မို့ ဘက်လိုက်ရေး သားထားတာလား ။ ဒီလိုဆိုရင်တော့ လက်ခံလို့ လုံးဝမဖြစ်ပါဘူး။ဖြေရှင်းချက်တောင်းပါမယ်။” လို့ သူကဆက်လက်ပြောကြားသည်။

မန္တလေးနေ့ စဉ်သတင်းစာတွင် အဆိုပါ“အမှုဖွင့်”ဆိုသော
သတင်းရေးသားထားချိန်အထိ ကာယကံရှင်
မြန်မာတိုင်းမ်ဂျာနယ် သတင်းထောက်ထံ တရားရုံးမှ ဆင့်ခေါ်စာ ကဲ့သို့ သောစာမျိုးရောက်လာခြင်း မရှိသေးပါ။ယခုလို အချိန်မျိုးတွင် ကြိုတင်သတင်းရေးသားကာ လက်ဦးမှုရယူသကဲ့သို့ ဖြစ်နေပါသည်။

အဆိုပါ “အမှုဖွင့်”သတင်းပါ မြန်မာတိုင်းမ်ဂျာနယ်သတင်းထောက်ကို တရားစွဲဆိုသူ မတ္တရာမြို့ နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဥာဏ်ထွန်းအား
မေးမြန်းရာ မန္တလေးနေ့ စဉ်သတင်းစာပါ ရေးသားချက်များသည် သူ့ အားမေးမြန်းရေးသားထားချက်များမဟုတ်ကြောင်းဖြေကြားခဲ့ပါသည်။

ယခုလို ကာယကံရှင် သတင်းထောက် နှင့် မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာ တို့ အား မမေးမြန်းပဲရေးသားခြင်းသည် စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက် ရာရောက်ပြီး ဝါဒဖြန့် သတင်းရေးသားရာရောက်ပါသည်။ မန္တလေးလူထုအား မမှန်သတင်းပေးရာရောက်ပါသည်။

ဦးမင်းဒင်ကသုံးသပ်ရာမှာ “သမ္မတကြီးရဲ့  ပြည်သူဗဟိုပြုလုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့ရင် ဂျာနယ်စာမျက်နှာထက် ဒီကိစ္စ တက်လာစရာကို မရှိဘူး ။
ပြည်သူ့ တွေရဲ့ အကြောက်တရားကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မှုမှာ အားနည်းတယ်လို့ သုံးသပ်မိတယ်။နောက်တခုက မြို့ ပြဖွ့ံဖြိုးမှု အားကောင်း လာနိုင်တဲ့ နေရာ ဒီတော့ ဓာတ်ကြိုး မြို့ ထဲမဖြတ်သင့်ဘူး။”လို့ ပြောသည်။

မြန်မာတိုင်းမ်ဂျာနယ် သတင်းထောက် ဦးစည်သူလွင် က“ ပထမ သတင်းပါသွားတယ်။ဒဲဒါကို မကျေ လည်လို့ ပြန်ပြီးေ ရးသား ဖြေ ရှင်း ထားပြီးသားပါ။ဒါကို တရားစွဲဖို့ လုပ်နေတာပါ။ ” လို့ ဖြေကြားပါသည်။

ယခုလို သတင်းအမှားများဖြင့် ဝါဒဖြန့် မမှန်မကန်ရေးသားနေသော မန္တလေးနေ့ စဉ်သတင်းစာအား ပိတ်သိမ်းရန် (သို့ တည်းမဟုတ်ပါက) တာဝန်ရှိသူများအား ရာထူးအနားပေးရန် တောင်းဆိုသွားမှာ ဖြစ်ကြောင်း သိရသည်။

“ဒီလိုသာ မန္တလေးနေ့ စဉ်သတင်းစာ တာဝန်ရှိသူတွေအနေ နဲ့ တာဝန်မဲ့ လုပ်နေရင် မန်းလူထုအတွက် ဆိုးကျိုးများစေပါတယ်။သတင်းထောက် ၊ အယ်ဒီတာတွေကို စာနယ်ဇင်း ပညာသင်တန်းတွေပေးသင့်ပါတယ်။ ဒီသတင်းစာဟာ မန်းလေးလူထုရဲ့ အခွန် အထုပ်တွေနဲ့ လည်ပတ်တာဖြစ်လို့  မန်းလူထု အတွက် တာဝန်ကျေရမှာဖြစ်ပါတယ်။တာဝန်မကျေရင်တော့ ဒီလိုပဲ ရပ်နားဖို့ တောင်းဆိုခံရမှာ ဖြစ်ပါတယ်။ မန်းလေးသားတစ်ဦး အနေနဲ့ တောင်းဆိုခွင့်လည်း ရှိပါတယ်။ ဒီ ဂြိုလ်သားကိစ္စ နဲ့  လျှပ်စစ်ကိစ္စ တင်ပြတာနဲ့ မလုံလောက်သေးရင် ထပ်ပြီးတင်ပြပါအုံးမယ်။”လို့ ဦးမင်းဒင်က ပြောကြားသည်။

No comments:

Post a Comment