Friday, June 14, 2013

|ကေအိုင်အေထိန်းချုပ်နယ်မြေသို့ ကုလယာဉ်တန်းဝင်ရောက်ခွင့်ရ| ရန်ကုန်၊ ဇွန်-၁၄

"ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေး
တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့များ ထိန်းချုပ်
ထားရာဒေသများရှိ ကချင်တိုင်းရင်းသားဒုက္ခသည်
များထံ အရေးပေါ်အကူအညီများ ပေးပို့ရေးအတွက်
မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ရရှိခဲ့ပြီဖြစ်ကြောင်း
ကုလသမဂ္ဂက ဇွန် ၁၄ရက် တွင် ပြောကြားသည်။
ဝင်ရောက်
မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကေအိုင်အေ
တပ်ဖွဲ့များအကြား နှစ်နှစ်ကြာ ဖြစ်ပွားခဲ့သော တိုက်
ပွဲများကြောင့် နေရင်းရပ်ရွာများ စွန့်ခွာထွက်ပြေးခဲ့ကြ
ရသည့် ကချင်ဒုက္ခသည် ၅၀၀၀ခန့်အတွက် လုံ
လောက်မည့် စားနပ်ရိက္ခာနှင့် အခြားမရှိမဖြစ် ပစ္စည်း
များ တင်ဆောင်ထားသော မော်တော်ယာဉ်အစီးရေ
၁၀စီးပါ ကုလသမဂ္ဂယာဉ်တန်းသည် ကချင်လက်
နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားရာ နယ်မြေအတွင်း
သို့ ဇွန် ၁၂ ရက်က ၀င်ရောက်သွားပြီဖြစ်ကြောင်း
သိရသည်။
ပြီးခဲ့သည့်လအတွင်း မြန်မာအစိုးရနှင့် ကေ
အိုင်အေတို့အကြား အပစ်အခတ်ရပ်စဲနိုင်ရေး
အတွက် အကြိုသဘောတူညီချက်တစ်ရပ် ရယူနိုင်
ခဲ့ပြီးနောက် ကချင်လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်
ထားသော နယ်မြေများအတွင်းသို့ ကုလသမဂ္ဂအနေ
ဖြင့် ၀င်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။"

|စံတော်ချိန်သတင်းစာ၊ အတွဲ(၁)၊ အမှတ်(၆၃)၊
စနေနေ့ (၁၅-၆-၂၀၁၃)|

No comments:

Post a Comment