Sunday, June 16, 2013

ဂုဏ်ပြုထိုက်သော သာကေတ မှ ရိုးသားသော မိသားစုလေး


" စစ်ပွဲတစ်ရာ တိုက်ပွဲတစ်ရာကိုနိုင်အောင်တိုက်နိုင်တာ သူရဲကောင်း ။
မိမိစိတ်ကို နိုင်အောင်တိုက်နိုင်တာ သူတော်ကောင်း "

••• ဒီမိသားစု ပုံလေးကို Share လုပ်ပေးခြင်းဖြင့် " လောကကို စိတ်ထားဖြင့်အလှဆင်ပေးပါ " •••

တစ်နေ့က ကျနော့် Galaxy Note 10.1" ညမောင်း Taxi တစ်စီးပေါ်ပါသွားပါတယ်ကားပေါ်ကဆင်းပြီး ကားထွက်သွားတော့ မှသတိရတာနဲ့ နီးရာဖုန်းဖြင့်ခေါ်ဆိုသော်လည်း အခြေနေမထူး ပါ။ဖုန်းမှာစက်ပိတ်ထားပါသဖြင့်ပဲပြန်ဖြေနေပါတယ်။

ကျနော့်စိတ်ကို ဒုန်းဒုန်းချလိုက်ပါပြီ လုံးဝ(လုံးဝ)ပြန်မရနိုင်တော့ပါ။
ဖုန်းကလည်း မပျောက်ခင်ကတည်းက အားကုန်ကာနီးလေးပါ။ ဒါကြောင့်ချစ်သူဖုန်းနဲ့ msg တော့ပို့ထားလိုက်တယ် လုပ်ငန်းသုံး အရေးကြီးဖုန်းတွေရှိလို့ ရရင်ပြန်ပေးပါ ဒါလောက်ပါပဲ။

ဘာလို့လည်းဆိုတော့ ဖုန်းက တန်ဖိုးကိုမသိတဲ့သူတောင် မြင်ရင်သဘော ကျလိုခြင်မိနိုင်တာဆိုတော့ လုံးဝ (လုံးဝ)ပြန်ရဖို့လမ်းမမြင်တော့ဘူးလေ။

" ပစ္စည်းပျောက်လို့စိတ်ညစ်ရင် နှစ်ခါဆုံးရှုံးတယ် " လေ။

ဒါကြောင့် ချစ်ရသူနှင့်အတူ မုန့်တွေလျှောက်စားတယ်။ သူများတွေလည်းကျွေးတယ် ။ပျော်ပျော်ပဲနေဖြစ်တယ်။မိတ်ဆွေတွေနဲ့အတူ ဖုန်းပျောက်တာကို ဟာသလုပ်ပြောနေတုန်း ရုတ်တရက် ချစ်သူရဲ့ဖုန်းကို msg ဝင်လာတယ် ကျနော့်ဖုန်းပါ။

အံ့သြစွာနဲ့ ဖုန်းပြန်ခေါ်တော့ တဖက်က ဘယ်ကိုဖုန်းလာပေးရမလည်းတဲ့ ဝမ်းသာစိတ် အားနာစိတ်တွေနဲ့ သူတို့ရှိရာ သာကေတကို သွားလိုက်ပါတယ်။ဟိုရောက်တော့ သူတို့ကပဲ ကျနော်တို့ကို ဧည့်ခံကျွေးမွေးပါတယ်။

ကျနော် အရမ်းပျော်ရွှင်သွားတယ် " လူ့အကြောင်း ပေါင်းကြည့်မှသိ " တဲ့ ကျနော်ကတော့ ပေါင်းကြည့်စရာမလိုပဲ မိတ်ဆွေကောင်းရလိုက်တာပါ။

ကျနော်က မွန်မြတ်တဲ့စိတ်ထားကို အနည်းငယ်မျှသောငွေသားဖြင့် ကန်တော့သောလည်း လက်မခံ အတင်းပြန်ပေးပါတယ်။

မနည်းကြီးတောင်းတောင်းပန်ပန်ပေးတော့ ဒီငွေကို အလှူလုပ်ပါ့မယ်တဲ့ ကျနော်လည်းကုသိုလ်ရတာပေါ့တဲ့။အိမ်ပြန်ရောက်တော့ ဖုန်းဝင်လာတယ် သောကြာနေ့ အလှူလုပ်ပါ့မယ် မလာနိုင်ရင်တောင် သာဓုခေါ်ပေးပါတဲ့ဗျာ

" မွန်မြတ်သော စိတ်နေစိတ်ထားရှိတဲ့ အန်ကယ်ဦးဇော်သန်း ဇနီးဆရာမဒေါ်သန်းသန်းဝင်း တို့မိသားစုအား လေးစားဂုဏ်ယူစွာဖြင့် ဓါတ်ပုံနှင့်တကွတင်ပြလိုက်ပါတယ် "

Posted From Ko Thu

No comments:

Post a Comment