Friday, June 7, 2013

ဟင်္သာတတိုက်နယ်ဆေးရုံ၌ ခွဲစိတ်ခန်းသုံးပစ္စည်း ဝမ်းဗိုက်တွင်းကျန်ရစ်မှုဖြစ်ပွား

ဧရာဝတီတိုင်း ဟင်္သာတခရိုင် မယ်ဇလီကုန်းမြို့နယ် တိုက်နယ်ဆေးရုံတွင် ကလေးမွေးဖွားပြီးသူ၏ ဝမ်းဗိုက်အတွင် ကြိုးခွေ ကျန်ရစ်ခဲ့တာကို ခွဲစိတ်ဆရာဝန်က တာဝန်ယူမှု မရှိကြောင်း သိရသည်။
ယင်းဆေးရုံ၌ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီး ဝမ်းဗိုက်အတွင် ကြိုးခွေ ကျန်ရစ်ခဲ့တာကို တိုက်နယ် ခွဲစိတ်ဆရာဝန်တွေက ပေါ့လျော့စွာဆုံးဖြတ်ပြီး တာဝန်ယူခြင်းမရှိကြောင်းနှင့် ယခုတိုက်နယ်ဆေးရုံအပြင် ရန်ကုန်ဆေးရုံမှာပါ (၃)ကြိမ် ထပ်မံခွဲစိတ်ခဲ့ရကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်များက ရန်ကုန်မြို့ (၃၆)လမ်းက မြန်မာဂျာနယ်လစ် ကွန်ယက်ရုံး၌ ဇွန်လ(၈)ရက်နေ့တွင် ညနေ(၄)နာရီမှ (၆)နာရီအထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
Source : DVB

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment