Thursday, June 13, 2013

အင်းစိန်မြို့နယ်တွင် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ


၁၃.၆.၂၀၁၃ ရက်နေ့ ၁၁၂၀ အချိန် အင်းစိန်မြို့နယ်၊
စော်ဘွားကြီးကုန်း ရပ်ကွက်၊ ပြည်လမ်းဘေး၊အမှတ် ၁၀၅ ရှိ ဦးလှအေး၏မြေကွက်တွင် အိမ်ဆောက်ရန် အကျယ် ၆ပေ၊ အနက် ၁၀ပေ မြေကျင်းတူးရာမှ အနက် ၄ပေခန့်အရောက်တွင်
မြေကျင်းတူးသူ ဦးသိန်းစိုး(ဘ)ဦးကံလှ၊ ရွှေပြည်သာမြို့နယ်နေသူမှ
အရှည် ၄ပေ၊ လုံးပတ် ၃ပေခန့်ရှိ သံချေးတက်နေသော ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိသဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာသို့အပ်နှံရန် စီစဉ်ထားရှိကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment