Tuesday, June 11, 2013

မလေးရှိ မြန်မာသံရုံး လာဘ်စားနေခြင်း


အောက်ခြေဒေသခန့်များအား ဓားစာခံပွဲစားအဖြစ်ထားကာ ငွေရှာနေသည်ကို
သိသော်လည်း မြန်မာနိုင်ငံသားများ ဗဟုသုတရစေရန် အသိပေးလိုပါသည်။ ယခုကဲ့သို့ အသိပေးရခြင်းမှာလည်း မြန်မာသံရုံး၏ တိကျပွင့်လင်းသော စည်းကမ်းထုတ်ပြန်ခြင်း
မရှိခြင်း၊ အလုပ်သမားများအား သံရုံးလုပ်ငန်းစဉ်များချပြခြင်းမရှိသည်လည်း
ဝန်ထမ်းများကို လာဘ်စားစေရန် ဖွင့်ပေးထားသကဲ့သို့ဖြစ်နေကြောင်းတွေ့ရှိရပါသည်။ ၀န်ထမ်းအချင်းချင်းစည်းလုံး မှုမရှိပဲ ။ ငွေတစ်မျက်နှာသာကြည့်ပါ တစောင်းချီှးနှင့် မျက်ချီးဖြစ်နေကြ ခြင်း။

ပြောချင်သည်မှာ မလေးရှားနိုင်ငံတွင် နေထိုင်လုပ်ကိုင်ကြသော မြန်မာနိုင်ငံ သူ/သားများသေဆုံးပါက သေကြောင်းရဲစခန်းထောက်ခံချက်၊ ဆေးရုံဆေးစာဖြင့်
မြန်မာသံရုံးသို့အသိပေးရပါသည်။ သေဆုံးသူကို တာဝန်ယူသည့်ကိုယ်စားလှယ်မှ မြန်မာသံရုံးခွင့်ပြုချက်ရမှ မြေမြုပ်ခွင့်ရှိပါသည်။
မြန်မာသံရုံးမှလည်း ခွင့်ပြုချက်အား သံအမတ်ကြီးအမိန့်အဖြစ်ထုတ်လျှင်ရသော်လည်း လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံရှိနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သေဆုံးသူ၏ အနီးဆုံးဆေးမျိုးတစ်ဦးထံ သေဆုံးသူအား မလေးရှားနိုင်ငံတွင် မြေမြုပ်ရန်
သဘောတူကြောင်း စာ/လက်မှတ်ရယူရပါသည်။

သေဆုံးသူ၏ အနီးဆုံးဆွေးမျိုးဖြစ်သည့် ဖခင်၊ မိခင် သို့ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကိုမောင်နှမတစ်ဦးဦး၏သဘောတူညီကြောင်းစာရလျှင် မြန်မာနိုင်ငံရှိနိုင်ငံခြားရေး
ဝန်ကြီးဌာသည် ခွင့်ပြုကြောင်းအကြောင်းကြားစာအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့အကြောင်းကြားပါသည်။ မလေးရှားနိုင်ငံရှီမြန်မာသံရုံးမှလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏စာရလျှင် ရခြင်း
သေဆုံးသူအား တာဝန်ခံမြေမြုပ်မည့်သူထံသို့အကြောင်းကြားရပါသည်။

ဖြစ်စဉ်ကြန့်ကြာရခြင်းမှာ အသုဘကိုယ်စားလှယ်သည် သံရုံးသို့
လာရောက်စဉ် စာရွက်စာတမ်းပြည့်စုံစွာမပါသဖြင့် သံရုံးအရာရှိ ကိုမောင်မောင်လတ်နှင့် ဒေသခန့်ကျော်စွာငြိမ်းတို့ မှရစ်နေခြင်း၊ ရင်းဂစ် ၁၅၀။
၂၀၀ ပေးပါက အဆင်ပြေသည်ဟုကြားသိရခြင်း၊ ငွေမပေးနိုင်လျှင် ရစ်နေပြီး အသုဘကိုယ်စားလှယ်အား ၂ခေါက် ၃ ခေါက် သံရုံးသို့ချိန်းနေခြင်းဖြစ်ကြောင်း အသုဘကိုယ်စားလှယ်များထံမှ ရင်ဖွင့်သံကြားရပါသည်။

ဒုတိယအချက်ကြန့်ကြာရခြင်းမှာ အသုဘ ပုပ်ခြင်းပုပ်ပစေဆိုပြီး ငွေမရလျှင်
မလုပ်ဘူးဆိုသည့်သံရုံး ၀န်ထမ်းများစိတ်ဓာတ်ပြင်သင့်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်စာရသော်လည်း ပြန်စာအား အသုဘ
ကိုယ်စားလှယ်ထံ အကြောင်းကြားခြင်းမရှိပဲ၊ အသုဘကိုယ်စားလှယ်
လာရောက်စုံစမ်း တာတာင်မှ ငွေမပေးလျှင် မရောက်သေးဘူးလိုလို
စက်မှာမထုတ်ရသေဘူးလိုလို လုပ်နေသဖြင့် ၂ ရက်ခန့်ကြာမှ ခွင့်ပြုမိန့်ရခြင်းများကြုံနေရပါကြောင်း အသုဘကိုယ်စားလှယ်၏
ခံစားချက်ကို မျှဝေပေးလိုက်ရပါသည် ရှင်။ မည်သူကိုမျှ နစ်နာလိုစိတ်မရှိပဲ ။ အသုဘကိုယ်စားလှယ်နှင့် သံရုံး အရာထမ်းများ၊ ဒေသခန့်များ
စိတ်ဓာတ်ပြင်ဆင်ရေး အဓိကရည်ရွယ်ပါသည် ရှင်



Harsina KL

No comments:

Post a Comment