Thursday, June 6, 2013

လားရှိုးလူနာ မအေးဝင်း မန္တလေးဆေးရုံကြီးသို့ လာကုမည်


၂၈-၅-၂၀၁၃ ရက်နေ့၊ ညနေ ၄း၅ဝ နာရီတွင် ဓာတ်ဆီလောင်း မီးရှို့ခံရသော လားရှိုးမြို့မှ မအေးဝင်းသည် ယခုလ (၁၂)ရက်နေ့တွင် မန္တလေးဆေးရုံးကြီးသို့ လာရောက်ကုသမည် ဖြစ်ပါသည်။
ဒဏ်ရာပြင်းထန်လွန်းသောကြောင့် လားရှိုးမှာဆက်လက်မကုသတော့ဘဲ၊ မန္တလေးသို့ ပြောင်းရွှေ့ဖို့ စီစဉ်ခြင်း ဖြစ်သော်လည်း၊ ချက်ချင်းပြောင်းရွှေ့ဖို့အတွက် အနာမကျက်သေး၍ အနာကျက်အောင် စောင့်ဆိုင်းပြီးမှ ပြောင်းရွှေ့ဖို့ စီစဉ်ခြင်းဖြစ်သည်။
အကယ်၍ နိုင်ငံခြားထိ သွားရောက်ကုသဖို့ လိုအပ်ပါက ကုသိုလ်ဖြစ် ကုသပေးမည့်သူများ ရှိနေပြီး ပျောက်ကင်းသည်အထိ တာဝန်ယူ ကုသပေးကြမည် ဖြစ်သည်။
မအေးဝင်း ကျန်းမာရေးအတွက် လားရှိုး-ဗကသ- ကိုသက်ဆွေနှင့် ကိုမျိုးတို့က တာဝန်ယူ ဆောင်ရွက်နေကြောင်းနှင့် အခြားလူနာနှစ်ဦးမှာ မန္တလေးထိ လာရောက်ကုသဖို့ မလိုကြောင်း သိရသည်။

ဆက်သွယ်ရန်- 09-403704233 (ကိုသက်ဆွေ)
09-421168220 (ကိုမျိုး)

No comments:

Post a Comment