Monday, June 17, 2013

မလေးရှားရောက် မြန်မာလုပ်သားများအကြောင်း ရုပ်ရှင်ရိုက်မည် ..................................................................... ရန်ကုန်၊ ဇွန် ၁၆

မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် သွားရောက် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ ကြုံတွေ့ခဲ့သည့်
ဖြစ်ရပ်မှန်များကို မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှ အနုပညာရှင်များ ပူးပေါင်း၍ ရုပ်ရှင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်း
ရေးသားသူ ဦးစတီးလ်မှ ပြောကြားသည်။

“ဒီဇာတ်လမ်းက လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လက်ရှိ အကြောင်းကို ထည့်ရိုက်ရင်လည်း ပြဿနာ ရှိနိုင်တယ် ထင်လို့ပါ။ အဲ့ဒါကြောင့် အခုဖြစ်ပျက်နေတဲ့ အကြောင်းတွေ မပါဘူး။ ရန်တိုက်ပေးမယ့် အကြောင်းတွေ မပါဘူး။ ဒါကြောင့်လည်း ဟိုနိုင်ငံမှာ ရိုက်ဖို့ ခွင့်ပြု ချက်တင်တော့ ဘာကန့်သတ်ချက်မှ မပါဘဲ ရိုက်ခွင့်ရတာပါ”ဟု ဦးစတီးလ်က ဆိုသည်။

မဟာဆန်တဲ့ မာယာမျက်နှာဖုံး အမည်ရှိ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို
့မြန်မာနိုင်ငံမှ နဝရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်နှင့် အခြားသရုပ်ဆောင်များနှင့် မလေးရှားနိုင်ငံမှ အိန္ဒိယ သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး မလေးရှားနိုင်ငံမှ ဒါရိုက်တာ R.Perakas Rajaram က ရိုက်ကူးမည် ဖြစ်ကြောင်း၊ အမျိုးသား သရုပ်ဆောင်
နေရာတွင် ပါဝင်မည့် သရုပ်ဆောင် ပြေတီဦးမှာ လက်ရှိတွင်
ဖြစ်ပျက်နေသော ပဋိပက္ခများ အကြားတွင် ထိုကဲ့သို့ ဇာတ်လမ်းများ သရုပ်ဆောင်ရန် အခက်အခဲ ရှိသောကြောင့် ပါဝင်နိုင်ခြင်း မရှိကြောင်း၊ ဇာတ်လမ်းပုံစံမှာ မကြာသေးခင်က ဖြစ်ပျက်နေသော ပဋိပက္ခများ အကြောင်းမဟုတ်ဘဲ ၂၀၁၁ လောက်က မလေးရှား နိုင်ငံတွင် သွားရောက်လုပ်ကိုင်ပြီး ထိုနိုင်ငံမှ ဖျက်ဆီးခံခဲ့ရသော အမျိုးသမီးတစ်ဦး အကြောင်းနှင့် အလုပ်တွင် ညှဉ်းပန်း နှိပ်စက်ခံရပြီး လစာ နှိမ်ခံခဲ့ရသော လူငယ်တစ်ဦး အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း၊ ရိုက်ကူးပြီးလျှင် မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ နော်ဝေ စသည့် ငါးနိုင်ငံတွင် ရုံတင် ပြသမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း
ပြောကြားသည်။

“ဒီလို ဖြစ်ရပ်မှန် ကားလေးတွေကို နဝရတ် ရိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်တော့ တော်တော် ကောင်းပါတယ်။ အဲဒီလိုကောင်းတဲ့ ဇာတ်လမ်းလေးကို နဝရတ် လက်လွတ်မခံပါဘူး။ ပြီးတော့ သိပ်မကွာတဲ့ လစာလေးရပြီး သူများနိုင်ငံမှာ အနှိပ်စက်ခံရတဲ့ မြန်မာတွေ အကြောင်းကို ကြည့်ပြီး သူတို့ နိုင်ငံမှာ ဒုက္ခခံ လုပ်စရာ မလိုဘူး။ ကိုယ့်နိုင်ငံမှာလည်း မိသားစုနဲ့ မကွဲဘဲ ကြိုးစားပြီး လုပ်နိုင်တယ်ဆိုတဲ့ Massage လေးထည့် ပေးထားပါတယ်”ဟု သရုပ်ဆောင် နဝရတ်က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွင် တစ်ဖက်နိုင်ငံသို့ သွားရောက် လုပ်ကိုင်ချင်သော မြန်မာအမျိုးသမီးကို ပို့ဆောင်ပေးမည့် ပွဲစား တစ်ယောက်အနေနှင့် သရုပ်ဆောင်ရမည် ဖြစ်ပြီး ထိုဇာတ်လမ်းကို ဘာအကျိုးမှ မမျှော်ကိုးဘဲ သရုပ်ဆောင် တစ်ယောက် လုပ်ဆောင်ရမည့် ပုံစံကို ပေါ်လွင်အောင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ တခြားနိုင်ငံတွင် သွားရောက် ရိုက်ကူးရမည် ဖြစ်သောကြောင့် ဘာသာစကား အခက်အခဲများ ကြုံနိုင်ကြောင်း၊ သူများနိုင်ငံကို အထင်မကြီးဘဲ ကိုယ့်နိုင်ငံထဲတွင် လုပ်ကိုင် စားသောက်နိုင်ကြောင်း ပုံဖော်သွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ဝါဝါအောင်က ဆိုသည်။

No comments:

Post a Comment