Monday, June 17, 2013

(၁၅၀၀) တန်ဖုန်းများဖြင့် အာဆီယံနိုင်ငံများအားခေါ်ဆိုနိုင် ၁၇.၆.၂၀၁၃၊ တနင်္လာနေ့

ပြည်သူများအလွယ်တကူဆက်သွယ်နိုင်ရန်အတွက်တန်ဖိုးနည်းဖုန်းများကိုတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်လလျှင် အလုံးရေ (၃)သိန်းခွဲ အားအချိုးကျ (၁၅၀၀) နှုန်းသတ်မှတ်ကာ မဲစနစ်ဖြင့်၊ စနစ်တကျ ရောင်းချပေးခဲ့ရာ အခြေခံလူတန်းစားအနေဖြင့် ဆက်သွယ်မှု ကဏ္ဍတွင် အဆင်ပြေေ ချာမွေ့စေ
ခဲ့သည်။ (၁၅၀၀ိ/-)တန် တန်ဖိုးနည်းဖုန်းများမှာ ၈၀၀Mhz ဖုန်းအမျိုးအစားဖြစ်ပြီး မြန်မာ့စီးပွားရေး ကော်ပို
ရေးရှင်းနှင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်၍ ပြည်သူများ အဆင်ပြေချောမွေ့စေရန်
ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ လိုအပ်သော စက်ပစ္စည်းများ ဒေသအလိုက် တပ်ဆင်ပြီးပါက GSM နှင့် ၄၅၀ Mhzအမျိုးအစားတယ်လီဖုန်းများကိုလည်းရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။လိုအပ်ချက်များပြည့်စုံပါက မဲစနစ်ဖြင့် မဟုတ်ဘဲ လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုအခါတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MECT) မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEAGAME Promotion) ကို ဂုဏ်ပြုသောအားဖြင့် အာစီယံ ၁၀ နိုင်ငံကို ပြည်တွင်းခေါ်ဆိုခ အတိုင်း ခေါ်ဆိုနိုင်ပါပြီဟု သိရသဖြင့် ဖွန်လ (၁၅)ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံရှိ မိတ်ဆွေတစ်ဦးနှင့် မလေးရှားနိုင်ငံရှိ မိတ်ဆွေတစ်ဦးထံသို့ စမ်းသပ်ခေါ်ဆိုကြည့်ရာ ခေါ်ဆိုရလွယ်ကူပြီး အသံကြည်လင်ပြတ်သားမှု ရှိကြောင်း သိရသည်။

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းနေထိုင်သူအများစုသည် ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ၊စင်္ကာပူနိုင်ငံများသို့ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်သူများရှိရာ ယခုအခါတွင် တန်ဖိုးနည်း(၁၅၀၀)ကျပ်တန် တယ်လီဖုန်းများဖြင့် နိုင်ငံခြားတွင်ရောက်ရှိနေသူများထံဒေသအတွင်းကျန်ရှိနေသော မိသားစုများ အထူးသဖြင့် မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ လက်ရှိအခြေအနေများအား ကျန်ရှိနေသောမိသားစုများက အချိန်နှင့် တစ်ပြေးညီ အလွယ်တကူ ဆက်သွယ်မှုများ ရရှိသဖြင့် ၀မ်းမြောက်ဝမ်းသာလျှက် ရှိကြောင်းနှင့် ခေါ်ဆိုလိုပါက နိုင်ငံ code ရှေ့မှ 0100 ခံပြီး ခေါ်ဆိုနိုင်ပါတယ်။

အာဆီယံနိုင်ငံအလိုက်ခေါ်ဆိုလိုပါက-

Singapore -- 010065 xxxxxxxx
Malaysia -- 010060 xxxxxxxx
Thailand -- 010066 xxxxxxxx
Brunei -- 0100673 xxxxxxxx
Indonesia -- 010062 xxxxxxxx
Laos -- 0100856 xxxxxxxx
Vietnam -- 010084 xxxxxxxx
Cambodia -- 0100855 xxxxxxxx
Philippines -- 010063 xxxxxxxxx<br/>
ခေါ်ဆိုနိုင်ပါကြောင်း အများပြည်သူဝန်ဆောင်မှု မီဒီယာဖြင့် သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။

(တော်ဝင်မီဒီယာ)

No comments:

Post a Comment