Tuesday, June 11, 2013

ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး နေပြည်တော်၊ ဇွန် ၁၁

၁၀-၆-၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ကုန်း ကျေးရွာအနီး၊ ပေါက်-ပခုက္ကူကားလမ်းမိုင်တိုင်အမှတ်(၂၁/၅-၆)ကြားတွင် ပခုက္ကူမှပေါက်သို့ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ အောင်လွင်(၃၈)နှစ်မောင်းနှင်သော လ/xxxx ““သုခလျှံ”” ပခုက္ကူ-ပေါက် ခရီးသည်တင်ယာဉ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ကင်းလှီကျေးရွာနေ မောင်ယောဘူး(၂၇)နှစ် မောင်းနှင်လာသောဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ် မောင်းနှင်လာသူ မောင်ယောဘူးတွင် နဖူးပေါက်ပြဲအက်ကွဲဒဏ်ရာနှင့် ၀ဲတံတောင်ပေါက်ပြဲဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သဖြင့် အလောင်းအား ပခုက္ကူမြို့နယ်ဆေးရုံသို့တင်ပို့ပြီး ယာဉ်မောင်းအောင်လွင်အား ကမ္မနယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

No comments:

Post a Comment