Monday, June 10, 2013

"ပြည်သူများအတွက် အကျိုးရှိမည်ဆိုပါက သမ္မတလုပ်ဆောင်မည်ဟု သူရဦးရွှေမန်းပြောကြား


ပြည်သူတွေအကျိုးရှိမည်ဆိုပါက သမ္မတလုပ်ဆောင်သွားမည်ပာုေ အမေရိကန်ရောက် မြန်မာများနှင့်တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူတစ်ဦးက The Street View သို့ ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တွေ့ဆုံမှုရလဒ်ကောင်းများ ရရှိခဲ့ပြီး သူရဦးရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဧ။် စွမ်းဆောင်ရည်များအား ချီးကျူးပြောဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတအရွေးခံမည့်ကိစ္စ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်အလက်များအား ပြင်ဆင်ရာတွင် အများလက်ခံပါက ၄င်းအနေဖြင့် ပြောစရာမရှိကြောင်း ဗီအိုအေ သတင်းဌာန နှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်

No comments:

Post a Comment