Friday, June 7, 2013

မြောက်ကိုးရီးယားရဲ့အပြောကို အံ့သြနေကြ ဇွန်လ ၇ ရက် ၂၀၁၃


တောင်နဲ့မြောက်ကိုးရီးယား ၂ နိုင်ငံအကြား ဆက်ဆံရေးမှာ မဖြေရှင်းနိုင်တဲ့ တင်းမာမှုတွေ ဆက်တိုက်ရှိနေခဲ့ရာက အခုအခါမှာတော့ ထူးခြားမှုရှိလာပြီ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက လူ့အခွင့်အရေးပြဿနာတွေနဲ့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံပူးပေါင်းစက်မှုဇုံက စီးပွားရေးအခြေအတင်ကိစ္စတွေနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယားအစိုးရက ဆွေးနွေးမယ်လို့ ပြောလိုက်တဲ့အတွက် တောင်ကိုးရီးယားနဲ့ နိုင်ငံတကာအစိုးရတွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

မြောက်ကိုးရီးယားအပေါ် လွှမ်းမိုးမှုရှိတယ်လို့ အယူဆခံရတဲ့ တရုတ်နိုင်ငံကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းမြောက်ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံအကြား ပြဿနာတွေဖြေရှင်းဖို့နဲ့ ဆက်ဆံရေးတိုးတက်လာစေဖို့ တရုတ်နိုင်ငံက အစဉ်အမြဲ အားပေးနေခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ ဟုန်လီက ပြောလိုက်ပါတယ်။


တားမြစ်ထားတဲ့တောင်နဲ့မြောက်ကိုးရီးယားနယ်စပ် (Credit: AFP)

Radio Australia - Myanmar

No comments:

Post a Comment