တာဝန် ရှိသော ရဲတပ်ဖွဲ့မှူးထံမှ မလေးရှား သံရုံး ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖေါ်ထုတ်ရန် ခွင့်ပြုချက် ရရှိခဲ့သော် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ အားလုံး အတွက် သက်ဆိုင်ရာ နိုင်ငံဧ။် အခြေခံ ဥပဒေ အကာအကွယ် အောက်တွင် မိမိတို့ မြန်မာ နိုင်ငံသားများ တည်ငြိမ် အေးချမ်းစွာ အသက်မွေး ၀မ်းကြောင်း နိုင်ရေး အတွက် ဆန္ဒဖေါ်ထုတ် တောင်းဆိုခြင်းဖြင့် မြန်မာ နိုင်ငံသား ဖြစ်သော မည်သူမဆို အသင်း အဖွဲ့ လူမျိုး၊ ဘာသာ မရွေး သပ်ရပ်သော အမျိုးသား တိုင်းရင်းသား ၀တ်စုံများ ကိုယ်စီ ၀တ်ဆင်ကာ ငြိမ်းချမ်းစည်းကမ်းတကျ ပူးပေါင်း ပါဝင်ခြင်းဖြင့် စည်းကမ်း တကျ ရှိသော ယဉ်ကျေးသော မြန်မာတို့ ဂုဏ်သိက္ခာကို ပြသကြမည်ဖြစ်ပါသည်။
မလေးရှား နိုင်ငံရှိ မိမိတို့မြန်မာ သံရုံး အရှေ့တွင် မည်သို့သော အကြမ်းသမားတို့က မည်သို့ စုဝေးရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့သည်ဖြစ်စေ။ မိမိတို့ နိုင်ငံတွင် ရှိသော မလေးရှား သံရုံး အရှေ့တွင် နိုင်ငံကြီးသား ပီသသော စနစ်တကျ ရှိသော၊ ငြိမ်းချမ်းတည်ကြည် ယဉ်ကျေးသော မြန်မာတို့ စိတ်နေစိတ်ထား ကို ပြသပြီး မိမိတို့ မြန်မာ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးပါရန် မလေးရှား အစိုးရ သက်ဆိုင်ရာ တာဝန်ရှိသူတို့အား ပန်ကြားတောင်းဆိုမည့် လူထု လှုပ်ရှားမှု တခုသာဖြစ်ပါသည်။
ခွင့်ပြုချက် ရရှိခဲ့ပါလျှင် ငြိမ်းချမ်းစည်းစနစ် တကျ ရှိစွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ေ
Credit to မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်
https://www.facebook.com/
No comments:
Post a Comment