Monday, June 17, 2013

အမုန်းမဲ့ကမ္ဘာ-၂ ========= by သက္က မိုးညို (Notes) on Friday, June 14, 2013 at 2:08pm


၁။ မိုဟာမက်ကို “ကျော်စွာ ၁၀၀” (ဒေါက်တာသန်းထွန်း ဘာသာပြန်သည့် ကမ္ဘာ့ ထိပ်ဆုံးမှ ပုဂ္ဂိုလ်များအကြောင်း) စာအုပ်ထဲတွင် နံပါတ် တစ်နေရာပေးထားသည်။ (ဗုဒ္ဓသည် နံပါတ်ငါးနေရာဖြစ်သည်) မိုဟာမက်သည် ဘာသာရေးခေါင်းဆောင်ဖြစ်သကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်လည်း ဖြစ်သည်။ ဘာသာချဲ့ထွင်ခြင်းနှင့် နိုင်ငံချဲ့ထွင်ခြင်းကို ရောထွေးဆောင်ရွက်သည်။ ကိုရန်တစ်ဖက်၊ ဓားတစ်ဖက်နှင့် “သာသနာပြု”သည်။ ဆရာကြီး ရွှေဥဒေါင်း ပြောသကဲ့သို့ လက်ချောင်းခြေချောင်းလေးများကို စက်ဖြင့်ဖျစ်ဖျစ်မည်အောင်ဆွဲဆန့်၍ “အဓမ္မ သာသနာပြုခြင်း” ကို မည်သူမှ ကြိုက်မည် မဟုတ်သော်လည်း နောက်မျိုးဆက် သုံးလေးဆက်ရောက်သောအခါ “ထိုကိစ္စ”များကို မေ့ခဲ့ပါပြီ။



၂။ ဘာသာ၊ ကာချာ (ယဉ်ကျေးမှုဟု တမင်ပင် ဘာသာ မပြန်ခဲ့ခြင်း ဖြစ်သည်) နှင့် နိုင်ငံရေးကို ရောထွေးထားသော ထို မူဆလင်တို့သည် အားသာချက် အင်မတန်ကောင်းပါသည်။ အခွန်မပေးချင်သော လင်းနို့ ပုံပြင်ကို အမှတ်ရပါသည်။ မြေပေါ်နေ သတ္တ၀ါများက အခွန်ကောက်သော် တောင်ပံထုတ်ပြသည်။ လေမှာနေငှက်က အခွန်ကောက်သော် ကြွက်လို တွားသွားပြသည်။ ထို့နည်းအတူ သူရို့သည် နိုင်ငံအတွင်း ရသည့်နည်းဖြင့် စိမ့်ဝင် ခြေကုတ်ယူသည်။ လူမျိုးအဖြစ် လက်မခံဟု ဖိအားပေးသောအခါ ဘာသာဝင်များကို နှိပ်စက်နေပါပြီဟု နိုင်ငံတကာကို ငိုပြသည်။ ဘာသာကို ကိုင်တွယ်သောအခါ လူ့အခွင့်အရေးဘက်မှ လှည့်၍ “ကာ”သည်။ အင်းအားပြည့်ဝလာလျှင် “နိုင်ငံရေး” အသွင်ဖြင့် ပေါ်ပေါက်လာပါလိမ့်မည်။



၃။ ၁၉၇၀ ၀န်းကျင်မှစ၍ “အစ္စလမ် နိုးထခြင်း” Islamis revival သည် မူဆလင်တိုင်းပြည်များတွင် အသက်ဝင်လှုပ်ရှားလာခဲ့သည်။ ထို့နည်းအတူ ကမ္ဘာတွင်လည်း အစ္စလမ်ဇာတ်သွင်းခြင်း၊ မူဆလင်ဇာတ်သွင်းခြင်းကို (Islamization/ Muhammadization) သတိပြုမိလာကြ၊ ကာကွယ်ရန် အားထုတ်လာကြသည်။ မကာကွယ်၍လည်း မရတော့ပါ။ ပါကစ္စတန်၊ ဂါဇာကမ်းမြှောင်တို့တွင် “နမူနာ” ခံခဲ့ရလေပြီ။ ယနေ့ ထိုင်းတွင်လည်း ထိုအန္တရာယ် ကြုံနေရလေပြီ။



၎။ နယ်မြေတစ်ခုတွင် အခြေချဖို့ ရည်ရွယ်ချက်ရှိသူနှင့် နယ်မြေတစ်ခုအား အုပ်စီးမိရန် ရည်ရွယ်ချက်ရှိသူတို့ ကွာခြားပါသည်။ အခြေချလိုသူတို့သည် ထိုနယ်မြေနှင့် တသားတည်း ဖြစ်စေရန်၊ လိုက်လျောညီထွေ ဖြစ်စေရန် အားထုတ်သည်။ အုပ်စီးရန်ကြိုးစားသူကမူ ထိုနယ်မြေကို ကိုယ်လိုချင်သော ပုံဖေါ်ရန်ကြိုးစားသည်။ မူဆလင်တို့သည် (မည်သည့်ဒေသ ရောက်သည်ဖြစ်စေ) သူရို့၏ နှုန်းစံကို အထိမခံ၊ သူရို့ကာချာကို ပြောင်းရန်မကြိုးစား။ (အများစုကို ပြောခြင်း ဖြစ်သည်) ပါးစပ်က မည်သို့ပင် ပြောသည်ဖြစ်စေ၊ သူရို့သည် “အစ္စလမ် နိုင်ငံသား” သာ ဖြစ်သည်။



၅။ စစ်မှန်လှပါသည်ဆိုသော အစ္စလမ်ဘာသာဝင်သည် အယူသည်းမှု အစွန်းတွင် ရပ်နေခြင်း ဖြစ်သည်။ အချိန်မရွေး တစ်ဖက်စွန်းသို့ ကျသွားနိုင်သည်။ ထိုတစ်ဖက်စွန်းသည် “အကြမ်းဖက်မှု” တစ်ဖက်စွန်း ဖြစ်သည်။ ဘာသာရေးမှ အချည်နှောင်ခံရသော တစ်ဖက်စွန်းသည် ပိုမို အန္တရာယ်ကြီးပါသည်။ ကွန်မြူနစ်စနစ်က အစွဲချွတ်၍ ရသည်။ မှားမှန်းသိလျှင် ပြင်၍ရသည်။ ဘာသာရေးက ပြင်၍မရ။ ဟလ္လာလုပ်မှ ကုသိုလ်ရမည်ဆိုသည်က သူရို့ နှုန်းစံဖြစ်သည်။ တစ်ဘ၀လုံးခိုဝင်နားခိုရာဖြစ်သည်။ အသိဥာဏ်ဖြင့် “မတော်ပါဘူး” လုပ်၍မရ။ ဆိုလိုသည်က ဘာသာအရင်းအမြစ်သည် နက်ရှိုင်းသည်။ မြဲမြံသည်။ တော်ရုံနှင့် ချွတ်၍မရ။



၆။ သူရို့ဘက်မှာပင်လျှင် အစွန်းရောက်သလားဟု စဉ်းစားကြည့်လျှင် မဟုတ်။ ကိုယ့်အထဲမှ အချို့ အများစုသည် နိုင်ငံကို အစစ်အမှန်ကာကွယ်ရေးထက် “အစ္စလမ် အကြောက်ရောဂါ” Islamophobia ဖြစ်နေကြသည်က ပိုမည်ထင်သည်။ သူရို့တတွေ၏ သီးသန့်ဆန်လွန်းမှုကြောင့် လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ ကဲလွန်မှုကြောင့်လည်းကောင်း၊ သာသနာပြု သမိုင်းအရလည်းကောင်း၊ လက်ရှိအကြမ်းဖက် ဇာတ်လမ်းများအရလည်းကောင်း မူဆလင်များကို အသိုင်းအ၀ိုင်းမှ ခွဲထုတ်လိုကြသည်။ မပတ်သက်လိုကြ။



၇။ သူ့ဘက်မှ အစွန်းများ၊ ကိုယ့်ဘက်မှ အစွန်းများသည် ကြာသောအခါ အမုန်းများဖြစ်လာကြသည်။ ငယ်စဉ်က “ဒေဝေါကြီး” လာလျှင် ကြောက်သော အကြောက်ကဲ့သို့ “စိတ်မှန်း”နှင့် ရမ်းပြောနေရသော အရာများသည် တကယ်လိုထင်လာရသည်။ ပြဿနာတစ်ခုခုဖြစ်လာလျှင် ပြဿနာကို မကြည့်ပဲ “ကုလားက မြန်မာကိုလုပ်သည်”၊ “ဗုဒ္ဓဘာသာက မူဆလင်ဘာသာကို တိုက်ခိုက်သည်” စသဖြင့် ဘေးထွက် အတွဲအစပ်များကို မူရင်းတရားကိုယ်လုပ်ကာ ပြောလာကြသည်။ တကယ်တော့ ပွဲလန့်အောင် လုပ်သူက သတ်သတ်၊ ဖျာခင်းသူ သတ်သတ်။



၈။ ရှုပ်ထွေးသော ကိစ္စများကို ယေဘုယျပြုရေးရသဖြင့် အားလုံးသော မူဆလင်တို့ “ထိုကဲ့သို့” သီးသန့်ဆန်လွန်းပုံ ပေါက်သွားပါသည်။ မဟုတ်ပါ။ လူဆိုသည်မှာ တစ်ဦးချင်းကိစ္စ ဖြစ်ပါသည်။ မူဆလင်ဘာသာဝင်ဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာများနှင့် လိုက်လျောညီထွေဖြစ်သော မူဆလင် မိတ်ဆွေများစွာတွေ့ဘူးပါသည်။ ယခုစာရေးသောအခါ ထိုသူတို့အားလည်း အားနာရပါသည်။ ထပ်၍ ပြောပါမည်။ နေရာရမည့်သူများသည်သာ နေရာအတွက် ကောက်ကျစ်ကြခြင်း ဖြစ်ပါသည်။ တိုင်းပြည်အတွက် ကာကွယ်ရပါမည်။ ထို့အတူ မိတ်ဆွေကိုလည်း မိတ်ဆွေမှန်းသိရပါမည်။ စိုသောလက်လည်း မခြောက်စေလိုပါ။



(ဆက်ပါမည်)

No comments:

Post a Comment