Friday, June 14, 2013

NDF ပါတီက မှော်ဘီသံဃာ့ညီလာခံကို အပြည့်အဝထောက်ခံ


၁၃-၆-၂၀၁၃ ရက်နေ့နှင့် ၁၄-၆-၂၀၁၃-ရက်နေ့ (၂)ရက်တိုင်တိုင် ကျင်းပပြီးခဲ့သော မြန်မာတစ်ပြည်လုံးဆိုင်ရာ သံဃာ့ညီလာခံကြီး၏ ကြေညာချက်ကို လုံးဝ(လုံးဝ) အကြွင်းမဲ့ ထောက်ခံကြောင်း NDF-ပါတီမှ အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူထံ ဖုန်းဆက်လျောက်ထားပါတယ်။
NDF-ပါတီ ပြည်လုံးကျွတ်ညီလာခံကို ကျောက်တံတားမြို့နယ်၊ YWCA-မှာ ယနေ့ကျင်းပလျက်ရှိပြီး (၁၅-၆-၂၀၁၃)မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
မနက်ဖြန် ကျင်းပမည့် ညီလာခံမှာ မှော်ဘီသံဃာ့ညီလာခံကို ထောက်ခံသည့် ကြေညာချက် ထုတ်ပြန်မှာဖြစ်ပြီး အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူလည်း လေ့လာသူအဖြစ် တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။
ဦးဝီရသူတို့ ရဟန်းသံဃာများ ကြိုးပမ်းထားသည့် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံရေးပါတီတွေကို မျှော်လင့်အားထားလျက်ရှိရာ လွှတ်တော်ထဲမှာ အဆိုပြု ဆွေးနွေးထောက်ခံပေးမည့် လွှတ်တော်ကိုယ်စားလှယ်များ များစွာပေါ်ပေါက်လာတော့မည်ဟု ရဟန်းသံဃာတော်များနှင့် ပြည်သူလူထု တစ်ရပ်လုံးက ယုံကြည်လျက် ရှိနေကြပါတယ်။

No comments:

Post a Comment