Sunday, June 16, 2013

"ပုဒ်မ (၄၀၁) ခံဝန် စနစ် ပယ်ဖျက်ရေး စိစစ်ရေးကော်မတီ ဆွေးနွေ" RFA Burmese


မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီ က ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတစ်ရပ်ကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အကျဉ်းထောင်တွေက ပြန်လည်ပေးပို့လာတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

"အခုကတော့ စာရင်းတွေကို တိုက်ဆိုင်တာပေါ့။အရေအတွက်တွေပေါ့ ကျွန်တော်တို့ တင်ပြတဲ့ စာရင်း၊အကျဉ်းထောင်မှာရှိနေတယ်ဆိုတဲ့ စာရင်းပြန်ပေးတယ်။သူတို့ဘက်က ပြုစုထားတဲ့ စာရင်းမှာ ဘယ်နှယောက်ပါတယ်ဆိုတာကို ပြန်တင်ပြမယ်။အခြား အဖွဲ့အစည်းတွေက တင်ပြလာတဲ့စာရင်းတွေမှာလည်း သူတို့တင်ပြတဲ့ စာရင်းတွေမှာပါသူတွေဟာ နိုင်ငံရေးအရ ဆက်စပ်ကျခံရသူတွေ ဖြစ်ပါတယ်ဆိုတာကို သူတို့ ဆိုင်ရာအဖွဲ့အစည်းတွေက ရှင်းရမှာပေါ့နော်။

အစည်းအဝေးမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား (၁၅၅)ဦးရှိကြောင်း၊ သူတို့အားလုံး အမြန်ဆုံး လွတ်မြောက် ရေး အပြင်၊နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ ၄၀၁ နဲ့ ခံဝန်လက်မှတ်ထိုး လွှတ်ပေးတဲ့ကိစ္စ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အစည်းအဝေးကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နဲ့ အကျဉ်းဦးစီးဌာနှ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ၊နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ၊ နိုင်ငံရေး အကျဉ်းသားကူညီ စောင့်ရှေုာက်ရေး အသင်း(AAPP) က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment