Wednesday, June 5, 2013

Selayang ဈေးကြီး တစ်ဝိုက်အောက်ပိုင်းကို မလေးရှားအာဏာပိုင်းများစတင်ပိတ်ဆို့စစ်ဆေးနေပြီ Wednesday, June 05, 2013

ပြီးခဲ့တဲ့ 11 နာရီက မလေးရှားကွာလမ်ပူမြို့ လယ် မြန်မာဆိုင်တန်းများနေရာကို အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။

... ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အပြီ ယခု ဆလာရန်းဈေး အားစတင်ဝိုင်းထားပြီဖြစ်ပါသည် ။ ယနေ့ ဖမ်းဆီးမှု့များအားလုံးသည် မြန်မာနိုင်ငံသားများကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည် ။

ယနေ့ဖမ်းဆီးမှု့များတွင် ကွက်ကြား ဖမ်းဆီးမှု့မဟုတ်တော့ပဲ ပိုက်စိပ်တိုက်ဖမ်းဆီးနေသည်ဖြစ်ပါသည် ။

လက်ရှိ သတင်းတင်ဆက်နေသည့်အချိန်တွင်ပင် ဆလာရန်း ဈေးတစ်ဝိုက် ဈေးအောက်ပိုင်းအားလုံး ၊ လူနေအိမ်ခန်းများ အောက်ထပ်အားလုံးကို ဝိုင်းထားပြီးဖြစ်ကြောင်း မလေးရှားရောက် မြန်မာမှ သတင်းပေးပို့နေပါတယ်ခင်ဗျာ ။

ယခု Ampang , Cheras , Kuala Lumpur , Selayang ဒေသများတွင် တပြိုင်နက် အော်ပရာစီ ဝင်လျှက်ရှိပါကြောင်းကို မလေးရှားရောက် မြန်မာများသိရှိရန် အချိန်မှီ သတင်းရေးသားရပါသည် ။

မလေးရှားရောက် မြန်မာများ ၊

No comments:

Post a Comment