Sunday, June 16, 2013

ဧရာဝတီမြစ်ကမ်း ပြိုမှုကြောင့် မင်းဘူးနိဗ္ဗာန်ကျွန်းရွာတွင် ရွာလုံးကျွတ် ရွှေ့ပြောင်းရမည့် အနေအထား ဖြစ်ပေါ် Sunday, 16 June 2013


ဇွန်လဆန်း ပိုင်းမှစ၍ နေ့စဉ် ဧရာဝတီမြစ်ကမ်း ပြိုကျမှုကြောင့် မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် ၁၅ အိမ် ရွှေ့ပြောင်းနေရပြီး အိမ်ခြေ ၂၅၀ ရှိသည့် ယင်းရွာတစ်ရွာလုံး ရွှေ့ပြောင်းရမည့် အနေအထား ဖြစ်ပေါ်နေကြောင်း
နေအိမ်ပြောင်းရွှေ့ နေသူများထံမှ သိရသည်။

အဆိုပါရွာမှာ နှစ်စဉ်ကမ်းပြိုလေ့ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်
ခန့်က ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည်။ ယခင်နှစ်ကလည်း ကျေးရွာ
စာသင်ကျောင်းကိုလည်း ရွှေ့ပြောင်းခဲ့ရပြီး ကျေးရွာပိုင် ကိုင်းစိုက်ခင်းများ
အားလုံး ဆုံးရှုံးခဲ့ရသောကြောင့် အခြားကျေးရွာမှ စိုက်ခင်းနေရာများကို ငှားရမ်းလုပ်ကိုင် နေရကြောင်း သိရသည်။

"ရွာမှာက စိုက်ပျိုးစရာ မြေနေရာ မရှိတော့လို့ လုပ်နိုင်ကိုင်နိုင် အရွယ်
ကောင်းတွေက မြို့ပေါ်တက်ပြီး အလုပ်လုပ်နေကြတာ များပါတယ်။ သက်ဆိုင်ရာဌာနတွေ အနေနဲ့ ရေရှည်တည်မြဲနိုင်မယ့် နေရာကို တစ်ရွာလုံး
ရွှေ့ပေးဖို့ တင်ပြသွားကြမှာပါ။ ဒီရက်ပိုင်းမှာ နေ့စဉ်ကမ်းပြိုနေပြီး ညဘက်မှာဆို ကမ်းနားနီးတဲ့ အိမ်တွေက ကမ်းပြိုသံကြောင့် မအိပ်ရဲတဲ့ အနေအထားတွေထိ ရှိပါတယ်" ဟု ယင်းကျေးရွာမှ နေအိမ်ပြောင်းရွှေ့ ထားရသူ ဒေါ်တင်ဝိုင်းက ပြောကြားခဲ့သည်။ သက်ဆိုင်ရာဌာနတွေ
အနေနဲ့ ရေရှည်တည်မြဲနိုင်မယ့် နေရာကို တစ်ရွာလုံး ရွှေ့ပေးဖို့ တင်ပြသွားကြမှာပါ။ ဒီရက်ပိုင်းမှာ နေ့စဉ်ကမ်းပြိုနေပြီး ညဘက်မှာဆို ကမ်းနားနီးတဲ့ အိမ်တွေက ကမ်းပြိုသံကြောင့် မအိပ်ရဲတဲ့ အနေအထားတွေထိ ရှိပါတယ် . . . . .

ယင်းကျေးရွာမှာ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည့် ဒေါင်းနေချောင်းနှင့်
ရေဦးတိုက်တည့်တည့် တည်ရှိ၍ ဧရာဝတီ မြစ်ကြောင်းမှာလည်း
ကျေးရွာတည်ရှိရာ အနောက်ဘက်ကမ်းသို့ ဦးတိုက်စီးဆင်းသော
ကြောင့် နှစ်စဉ်ကမ်းပြိုခြင်းဖြစ်ကြောင်း သိရသည်။

"ဘုန်းတော်ကြီး ကျောင်းကိုတော့ ကျေးရွာဒယကာ ဒယိကာမတွေက စုပေါင်းပြီး လာဖျက်ပေးနေကြပါတယ်။ လောလောဆယ် ကျောင်းဝန်းရဲ့ အနောက်ဘက် ခြံစည်းရိုးနားမှာ ယာယီသီတင်းသုံးဖို့ စီစဉ်ထားပါတယ်၊
ရေရှည်အတွက်ကိုတော့ သက်ဆိုင်ရာ ဌာနတွေက အစီအစဉ် ချပေးမှ
နေရာအတည်တကျရွေးပြီး ကျောင်းကိုပြန်ဆောက် နိုင်မှာပါ" ဟု ရွာဦး
ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးပဏ္ဍိတက မိန့်ကြားသည်။

eleven media group

No comments:

Post a Comment