Tuesday, June 18, 2013

စစ်တွေ ရဲတပ်ဖွဲ့မှ အချိန်မီ အရေးယူဆောင်ရွက်ခြင်း မရှိရာမှ ရခိုင်အဆိုတော် ဒိုးအ်ရီ ဇနီး သေဆုံးရခြင်းဖြစ် Wednesday, June 19, 2013


ရခိုင်အဆိုတော်ဒိုးအ်ရီဇနီး မဥမ္မာထွန်း(၃၂)နှစ် အား ၁၇-၆-၂၀၁၃ နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်ရှိ ၄င်းတို့၏ အိမ်အနီးတွင် မျက်နှာချင်းဆိုင် နေအိမ်မှ မောင်တော(ခ) လပြည့် (၃၅)နှစ်(ဘ) ဦးသိန်းထွန်း မှ ဓားဖြင့် ထိုးသတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။

အဆိုပါ မှုခင်း မဖြစ်ပွားမီ တစ်ရက်ခန့် ညနေပိုင်းတွင် ရခိုင် အဆိုတော် ဒိုးအ်ရီအိမ်၏ မျက်နှာချင်းဆိုင်အိမ် (တရားခံနေအိမ်)မှ မိသားစုဝင်များ ဖြစ်ကြသော ဒေါ်မြမြထွန်း၊ ဒေါ်စန္ဒာထွန်းနှင့် လူသတ်တရားခံ လဖြူသီး(ခ) မောင်တော(ခ)လပြည့်သည် ညနေ (၈)နာရီခန့်မှ စတင်ပြီး ညလုံးပေါက် ပြဿနာရှာပြီး ခြံစည်းရိုး နံရံများကို ဓားလက်နက်များဖြင့် ခုတ်ခဲ့ကြသည်ဟု ပတ်ဝန်းကျင်နေလူများမှ ပြောကြားခဲ့သည်။

ရပ်ကွက်ရှိ ပတ်ဝန်းကျင်လူများမှာ အဆိုပါလူများအား တားဆီးခဲ့သဖြင့် ရပ်တန့်ပြီး မိမိ အိမ်ပေါ်သို့ ပြန်လည် ၀င်ရောက်ခဲ့ကြသော်လည်း အိမ်ပေါ်မှာနေ၍ ၄င်းအိမ်(တရားခံအိမ်)မှ အမျိုးသမီးတစ်ဦးမှ ညလုံးပေါက် ဆဲဆိုနေကြောင်းနှင့် ”မနက်ဖြန် မင်းတို့ အပြင်ထွက်ရဲရင်ထွက်ကြည့် ထွက်တာ နဲ့အသေပဲ” ဟု ၄င်းအမျိုးသမီးမှ ကြိမ်းမောင်းခဲ့သည်ဟုသိရသည်။

၁၇-၆-၂၀၁၃ နေ့တွင် ကိုဒိုးအ်ရီတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့ အကြောင်းကြားခဲ့ပြီး အမှတ်(၁) ရဲစခန်းသို့ တရားဝင် တိုင်တန်းခဲ့သောအခါ ရဲစခန်း တာဝန်ရှိသူများမှာ နောက်က လိုက်လာမည်ဟု ပြော၍ ၄င်းတို့ အိမ်ကိုပြန်လာခဲ့ကြသည်ဟု သေဆုံးသူ မဥမ္မာထွန်း၏ မိသားစု အသိုင်းအ၀ိုင်းက ပြောဆိုပါသည်။

၎င်းနောက် ညနေပိုင်း ၄ နာရီကျော် ၅ နာရီခန့်တွင် တရားခံ မောင်တော(ခ) လပြည့်မှာ ဓားထမ်းလျှက် သေဆုံးသူ မဥမ္မာထွန်းအိမ်ရှေ့တွင် အပြောင်းအပြန် လမ်းလျှောက်လျှက် ဆဲဆိုနေကြောင်းသိရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်ပြီးအကူအညီလှမ်းတောင်းသော်လည်း ရဲစခန်းမှ လာမည်ဟု ပြောသော်လည်း မရောက်လာကြောင်း။ နောက်တစ်ကြိမ်ဖုန်းဆက်ပြီး အကြောင်းကြားရာတွင် ယူနီဖောင်းလှဲလှယ်နေသည်ဟု အကြောင်းပြန်ပြီး ဓားဖြင့် အထိုးခံရသည့် အချိန်ထိ လုံးဝ ရောက်မလာခဲ့ကြောင်းသိရသည်။

ဓားဖြင့်အထိုးခံရသည့်ဖြစ်စဉ်မှာ မဥမ္မာထွန်းသည် ရေမိုးချိုးပြီး ငါးဟင်း ၀ယ်ရန်ထွက်ချိန် နေအိမ်နှင့် ပေ ၅၀ ခန့်အကွာတွင် တရားခံမှာ ဓားနှင့် အသေအချာ မိမိရရ ထိုးသတ်သွားခဲ့ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ရရှိခဲ့သည့် ဓားဒါဏ်ရာများမှာ ဘယ်ညာရင်အုံနှစ်ခုစလုံး၊ ဘယ်ဘက်ရင်အုံ အပေါ်ဘက်ဖြင့် ညာလက်တွင် တစ်ချက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်မှ တရားခံများဘက်မှ ပိပိရိရိကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မိသားစု အသိုင်းအ၀ိုင်းများက ပြောပြပါသည်။

၁၇-၆-၂၀၁၃ နေ့လည်ပိုင်းမှ စတင်၍ တရားခံ မိသားစုများသည် နေအိမ်ကိုသေချာကျနစွာပိတ်ပြီး နေအိမ်မှလူများသည် ပြစ်မူ မကျူးလွန်မီ အချိန်ကပင် ရှောင်းတိမ်းခဲ့ကြောင်းသိရသည်။

မဥမ္မာထွန်းနေအိမ်သို့ တာဝန်ရှိသူများသည် အမှုဖွင့်တိုင်တန်းစဉ်ကပင် လာရောက်ခဲ့သော် (သို့မဟုတ်) ဖုန်းဖြင့် ပထမအကြိမ် တိုင်ကြားစဉ်(သို့မဟုတ်) ဖုန်းဖြင့် ဒုတိယ အကြိမ် တိုင်ကြားစဉ် ရောက်ရှိခဲ့သော် မဥမ္မာထွန်းသည် အကျိုးမဲ့ သေဆုံးရမည်မဟုတ်ကြောင်း ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆို ခဲ့ကြပါသည်။

အရေးကြီး ကိစ္စဖြစ်သော်လည်း ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် မဥမ္မာထွန်း အကျိုးမဲ့ သေဆုံးခဲ့ရခြင်းဖြစ်သဖြင့် သက်ဆိုင်ရာ အထက် အာဏာပိုင်များ အနေဖြင့် စစ်တွေရဲတပ်ဖွဲ့ ၏ တာဝန် လစ်ဟင်း ပေါ့လျော့မူ အပေါ် အမြန်ဆုံး စစ်ဆေး အရေးယူရန် စစ်တွေ မြို့လူထုက လိုလားနေကြောင်း သိရသည်။

မဥမ္မာထွန်း အသတ်ခံရမှုသည် စစ်တွေမြို့နယ် အတွင်း ဘင်္ဂလီများ၏ အကြမ်းဖက်မှု အရေးအခင်းအပြီး
အကြီးမားဆုံး ပြစ်မှု ကျူးလွန်မှုဖြစ်ကြောင်းသိရသည်။ ယခုအချိန်တွင် အဆိုပါ အမှုကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် (ပ)၀၄၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အဖွဲ့ဖွင့်ထားလျှက် ဒုရဲအုပ်ဇော်မြင့်ဦးမှ စစ်ဆေးလျှက်ရှိပြီး တရားခံအားဖမ်းဆီးနိုင်ရေးအတွက် မြိ့နယ်ရဲတပ်ဖွဲ့မှူးမှ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

narinjara

No comments:

Post a Comment