ရဲဇာနည်
Monday, August 12, 2013
အလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်နေသူများအား ဖမ်းဆီးအရေးယူ 12-08-2013
၁၀-၈-၂၀၁၃ ရက်နေ့ ၂၂၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ
ပါဝင်သောပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊
လှည်းတန်းလမ်းရှိ ““ပန်းသခင်”” Beauty spa တွင် အနှိပ်ခန်းနှင့်တွဲ၍
ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်နေကြောင်းသတင်းအရ သက်သေများအား ကြိုတင်စေလွှတ်၍ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်နေ ဧည့်ကြိုဝန်ထမ်း ကျော်စွာဝင်း(ခ)မိုးဟိန်း(၂၆)နှ စ်နှင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်နေ မန်နေဂျာ ကျော်ဇင်ဦး(ခ)ရှောက်သီး(၃၂)နှစ်၊
ဧည့်ကြိုဝန်ထမ်း သန်းဇော်အောင် (၂၃)နှစ်ပါ ၂ ဦးနှင့် ပြည့်တန်ဆာလုပ်ငန်း
လုပ်ကိုင်ရန်ရောက်ရှိနေသည့် တွံတေးမြို့နယ်နေ မသိမ့်သိင်္ဂီမိုရ်(ခ)မသိင်္ဂီမိုရ်
(၁၉)နှစ်ပါ(၉)ဦးတို့အား ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသော စာရွက်စာတမ်းများ၊ ငွေကျပ်(၄၃၀၀၀ိ/ -)၊
ကွန်ဒုံးများနှင့်အတူတွေ့ရှိရသဖြင့် ကျော်ဇင်ဦး(ခ)ရှောက်သီးနှင့်
ကျော်စွာဝင်း(ခ)မိုးဟိန်းတို့ ၂ ဦးအား လမ်းမတော်မြို့မရဲစခန်း(ပ)၁၅၀/ ၂၀၁၃၊ ပြည့်တန်ဆာ ပပျောက်ရေးအက်ဥပဒေပုဒ်မ ၅(၁)ဖြင့်လည်းကောင်း၊ မစုစုဟန်(ခ)မရွှေစင်အား(ပ)၁၅၁/ ၂၀၁၃၊
အဆိုပါဥပဒေပုဒ်မ ၃(ခ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူခဲ့ပြီး
သန်းဇော်အောင်ပါ(၁၀)ဦးအား ရဲအရေးမပိုင်မှု အမှတ်စဉ်(၂/၂၀၁၃)ဖြင့်
လမ်းမတော်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment