Friday, August 23, 2013

ပါကစ္စတန် ကျမ်းစာသင်ကျောင်းအား အမေရိကန်စီးပွားရေးပိတ်ဆို့ AFP

အယ်လ်ကိုင်ဒါးနှင့် တာလီဘန်တို့အားထောက်ခံသည့် “အကြမ်းဖက်သမားများအား သင်တန်းပေးနေ သည့် စင်တာ” တစ်ခုဟုဆိုကာ ပါကစ္စတန်အစ္စလာမ်မစ် ကျောင်းတစ်ကျောင်းအား အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ စီးပွားရေးပိတ်ဆို့အရေးယူရန် စီစဉ်နေကြောင်း သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ပက်ရှ်ဝါမြို့ရှိ Ganj ကျမ်းစာသင်ကျောင်းအား Lashkar-e-Taiba အစွန်းရောက်များနှင့် တခြားလက် နက်ကိုင်အဖွဲ့နှစ်ဖွဲ့မှ သင်တန်းပေးရန်နှင့် စစ်သားစုဆောင်းရေးစင်တာတစ်ခုအဖြစ် အသုံးပြုနေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

Lashkar-e-Taiba အဖွဲ့မှာ ၂၀၀၈ ခုနှစ်က မန်ဘိုင်ယာတွင် လူပေါင်း ၁၆၆ ဦးအားသေဆုံးစေသော တိုက်ခိုက်မှုတွင် တာဝန်ရှိသည့်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ယင်းကျမ်းစာကျောင်း၏ ကျောင်းအုပ်ဖြစ်သူ Mohammed Ameen မှာ တာလီဘန် နှင့် အယ်လ်ကိုင်ဒါး တို့အားထောက်ခံသူ ဖြစ်သည့်အတွက် အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့တို့မှ ၎င်းအား အကြမ်းဖက် သမားတစ်ဦးအဖြစ် ၂၀၀၉ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

အမေရိကန်နိုင်ငံမှ အစ္စလာမ်ဘာသာရေး စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်သည့် စာသင်ကျောင်း တစ် ကျောင်းအပေါ်တွင် ယခုကဲ့သို့ ပိတ်ဆို့အရေးယူခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အကျိုးဆက်အနေ ဖြင့်မည်သည့် အမေရိကန်နိုင်ငံသားမဆို Ganj ကျမ်းစာသင်ကျောင်းနှင့် စီးပွားရေးအရ ပူးပေါင်းဆောင် ရွက်ခွင့်ရှိတော့မည် မဟုတ်သည့်အပြင် အမေရိကန်ရှိ ၎င်း၏ပိုင်ဆိုင်မှုများအားလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။

“ယခုဆောင်ရွက်ချက်က ပါကစ္စတန်နိုင်ငံအပါအ၀င် ကမ္ဘာ့နေရာတော်တော်များများမှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ စာတတ်မြောက်မှု မြင့်မားရေးလုပ်ငန်းတွေမှာ အရေး ပါတဲ့ကျမ်းစာကျောင်းတွေကို မရည်ရွယ်ပါဘူး” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆိုသည်။

No comments:

Post a Comment