Saturday, August 10, 2013

သာမန်ထက် အရပ်ရှည်တဲ့ ကိုဝင်းဇော်ဦး သြဂုတ်လ(၁၄)ရက်မှာ ဆေးကုသမှုခံယူမည် Author ဟေမာန်ညီညီ

နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်ရွာသားအရပ် ၇ပေ ၁၀ လက်မ ခန့်ရှိတဲ့ ကိုဝင်းဇော်ဦးဟာ
စကာင်္ပူနိုင်ငံ ရှိ Singapore Pierce Chow နဲ့ အဖွဲ့က သူတို့ဆေးရုံမှာကုသဖို့ တတ်နိုင်သမျှ
အကူအညီပေးလိုကြောင်း စကာင်္ပူနိုင်ငံရှိ SIRTEX Company ကလည်း ခရီးစရိတ်နဲ့ နေထိုင်မှု
အချို့ကို တာဝန်ယူလှူဒါန်းလိုကြောင်း ပါမောက္ခဦးခင်မောင်ဝင်းကတဆင့် ကမ်းလှမ်းခဲ့တယ်လို့
ဆိုပါတယ်။
စကာင်္ပူနိုင်ငံမှ အလှူရှင်တွေရဲ့ ကမ်းလှန်းချက်ကို ကာယကံရှင်နဲ့ သူ့ရဲ့ မိသားစုတွေ
သက်ဆိုင်ရာ ဆရာဝန်ကြီးတွေ အားလုံးရဲ့ သဘောတူညီမှုနဲ့ လက်ခံပြီးဖြစ်တဲ့ အတွက် သြဂုတ်လ(၁၄)
ရက်နေ့မှာ အသည်းအထူးကုဆရာဝန်ကြီး ပါမေက္ခ ဦးခင်မောင်ဝင်းခေါင်းဆောင်ပြီး နိုမယ်လ်ဆေးရုံ
အုပ်ချုပ်မှုအဖွဲ့ အကြံပေးအရာရှိဒေါက်တာ မြတ်သူမင်း နဲ့ဆေးရုံအုပ် ဒေါက်တာသက်ထားခင် သတင်း
မှတ်တမ်းယူမယ့် မီဒီယာအဖွဲ့တို့ လိုက်ပါပြီး စကာင်္ပူနိုင်ငံကို သွားရောက် ဆေးကုသမှုခံယူမှာဖြစ်ပါတယ်။
ကိုဝင်းဇော်ဦးအတွက်လာရောက်လှူဒါန်းထားတဲ့ အ၀တ်အထည်၊အသုံးဆောင်ပစ္စည်းတွေနဲ
အလှူငွေတွေကိုလည်း ဆေးရုံအုပ်ချုပ်မှု အဖွဲ့ကနေပြီး သေချာစာရင်းပြုစု သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
ကူညီထောက်ပံ့လိုတဲ့ အလှူရှင်တွေအနေနဲ့ နိုမယ်လ် ဆေးရုံ အလုပ်အုပ်ချုပ်မှုအဖွဲ့ စီမံခန့်ခွဲမှုဆိုင်ရာ
အကြံပေးအရာရှိ ဒေါက်တာမြတ်သူမင်း(ဖုန်း-၀၁-၃၇၃၇၉၄ -၉ ၊ ၀၉၅၀၀၇၆၀၈) ဆက်သွယ်လှူဒါန်းနိုင်တယ်
လို့ သိရတယ်။

No comments:

Post a Comment