Thursday, August 8, 2013

"သင်သိပါသလား"

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတွက် တစ်လမှာ သိန်း ၁၅၀၀ဆု ၁ဆု၊ သိန်း ၁၀၀၀ဆု ၁ဆု၊ သိန်း ၅၀၀ဆု ၁ဆု၊ သိန်း ၃၀၀ဆု ၂ဆု ထုတ်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လတစ်လအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင်တစ်လအတွင်း ယာဉ်မတော်တဆမှု ၁၀၈၀ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅၂ ဦး ရှိခဲ့သဖြင့် တစ်ရက်အတွင်း လူရှစ်ဦးခန့် သေဆုံးလျက် ရှိကြောင်း၊ တစ်လအတွင်း ယာဉ်မတော် တဆမှုများကြောင့် လူ ၁၆၇၁ဦး ဒဏ်ရာရရှိကြောင်း အဆိုပါ ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။

ဒီတော့ သင့်အနေနဲ့ တစ်လမှာ သိန်း ၁၅၀၀ဆု၊ ဒါမှ မဟုတ် သိန်း ၁၀၀၀ဆု၊ ဒါမှမဟုတ် သိန်း ၅၀၀ဆု တစ်ဆု ပေါက်နိုင်ချေ ထက် ယာဉ်တိုက်မှုကြောင့် သေဆုံးနိုင်ချေက အဆ ၂၅၀ကျော်ရှိပါတယ်
(kl)
_______________________
https://www.facebook.com/FunnyAndKnowledge2013

No comments:

Post a Comment