Saturday, August 10, 2013

ဘောလုံးဥက္ကဋ္ဌကြီးလည်း ခေသူမဟုတ် မျှဝေပေးသော လက်တစုံ


ဘာရယ်မဟုတ်ပါ ။ ဦးဇော်ဇော် ပုံရဲ့အောက်က ကော်မန့်များကို ဖတ်ပြီး သိသမျှ ကိုရေးထားခြင်းပါ ။ ခရိုနီပဲပြောပြော ၊ ဆိတ်ခွေးစိပဲ ဆိုဆို ရေကြည်မြို့နယ်သူ / သားများအတွက် ကျေးဇူးရှင်ဆိုလျင် မှားပါမည်လော .....................
(ကူညီပေးသော မောင်ငယ် Aung Cho ကိုလည်းကျေးဇူးတင်ပါသည်)

သူပေါ့ ရေကြည်မြို့နယ်က ရွာတရွာမှာ ကြီးပြင်းခဲ့တယ်
သူပေါ့ ကားစပါယ်ယာ လုပ်ဖူးသလို ဒရိုင်ဘာလည်း လုပ်ဖူးခဲ့တယ်
သူပေါ့ ဘ၀တိုးတက်မှုအတွက် ဂျပန် မှာ ပင်ပင်ပန်းပန်း အလုပ်သွားလုပ်ဖူးတယ်
သူပေါ့ ကြီးမြတ်နိမ့်ပါးမသိ ဂျပန်လူမျိုးတယောက်ရဲ့ အသက်ကို ကယ်ခဲ့တယ်
(ကယ်ခဲ့တဲ့ လူက သူဌေးကြီး တဦးဖြစ်နေတယ်)
သူပေါ့ ကျေးဇူးရှင် တယောက်အဖြစ် အသိအမှတ်ပြု ချီးမြှင့်ခြင်းခံခဲ့ရတယ်
သူပေါ့ အမိမြေ ပြန်ပြီး စီးပွားရေးတွေ လုပ်ခဲ့တယ်
သူပေါ့ ဟိတ်ဟန်မာန မကြီးတတ်ဘူး
(စကားချပ်…..မက်စ်ဟော်တယ်မှာ တနေ့တော့ သဌေးလာလို့ အထူးဟင်းချက်ရပါတယ်ဆိုပြီး ဟော်တယ်က ၀န်ထမ်းလေးတွေပြောတော့ အထူးဟင်းဆိုတာ ဘဲဥချည်ရည်ဟင်းနဲ့ ငါးပိရည်ချိုပါတဲ့၊ သဌေးလာတိုင်း အဲ့ဟင်းချက်ပေးရတယ် ပြောပါတယ်)
သူပေါ့ ရေကြည်မြို့နယ်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တယ်
သူပေါ့ ဧရာဝတီတိုင်းအတွင်းက လူငယ်တွေအတွက် အလုပ်တွေကို ဖန်တီးပေးခဲ့တယ်
သူပေါ့ တတ်နိုင်သရွေ့ လူတွေကို မျှဝေပေးတယ်
သူပေါ့ မလေးက ဒုက္ခသည်တွေ အတွက် ကူညီပေးခဲ့တယ်
သူပေါ့ အစိုးရကို မနာလိုသူတွေက ပြောတဲ့ ခရိုနီ ဆိုတာကို ခံရတယ်
သူပေါ့ ၈ ပူးကို အလှူငွေထည့်တော့ ဆိတ်ဂွေးစိ လို့အပြောခံရတယ်

No comments:

Post a Comment