Tuesday, August 20, 2013

ဘိုကလေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မဲပုံးများ ဖောက်ထွင်းခံရပုသိမ်၊ သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး သြဂုတ်လ ၆ ရက်နေ့က ဖောက်ထွင်းခံခဲ့ရပြီး ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိ မဲပုံးများ ပျောက်ဆုံးသွားကြောင်း ဘိုကလေးမြို့ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။ကော်မရှင်အဖွဲ့ခွဲရုံး တံခါးပွင့်နေသည်ကို ယင်းနေ့က တွေ့ရှိခဲ့၍ ဘိုကလေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်မောင်မောင်စိုးနှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မဲပုံးအကြီး အလုံး ၁၀၀၊ မဲပုံးအသေး အလုံး ၄၀၊ မဲပေးခန်းအဖြစ် အသုံးပြုသည့် ပလတ်စတစ် လိုက်ကာစ ၃၂၅ ခု စုစုပေါင်းတန်ဖိုး ကျပ် ၁၀ သိန်းဖိုးခန့် ပျောက်ဆုံးကြောင်း ကော်မရှင်ရုံး တာဝန်ရှိသူက ပြောဆိုသည်။မဲပုံးများ ပျောက်ဆုံးမှုကို သြဂုတ်လ ၁၈ ရက်နေ့တွင် (ပ) ၁၅၉ /၂၀၁၃ ပြည်သူပိုင်ပစ္စည်းပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထားကြောင်း ဘိုကလေးမြို့ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ဇော်နိုင်ဦးက ပြောကြားသည်။

Credit To >The Voice Weekly<

No comments:

Post a Comment