Tuesday, August 13, 2013

ရပ်ကွက်လမ်းများအား စုပေါင်းလမ်းခင်း ၊ ဇီးကုန်းမြို့ ။ (၂၀၁၃-ခုနှစ် ၊ သြဂုတ်လ ၁၂-ရက်)


ပဲခူးတိုင်းဒေသကြီး ၊ ဇီးကုန်းမြို့ ၊ အမှတ်(၄)ရပ်ကွက်ရှိ ပင်လုံလမ်း ၊ ဗိုလ်အောင်ကျော်လမ်း ၊ အနော်ရထာလမ်းနှင့် အလောင်းဘုရားလမ်းများကို ကျောက်လမ်းခင်းခြင်းအား ၁၂.၈.၂၀၁၃ နံနက်တွင် ဆောင်ရွက်ခဲ့ကြသည် ။

အဆိုပါ ကျောက်လမ်းခင်းခြင်းအား တိုင်းဒေသကြီးဝန်ကြီချုပ် ဦးဥာဏ်ဝင်း၏ လမ်းညွှန်ချက်ဖြင့်၊ ဇီးကုန်းမြို့ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော်မြင့်ထွန်းနှင့် ပါတီဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးစန်းလွင် ၊ မြို့မိမြို့ဖ ဦးမျိုးညွန့် ၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည် ။

New Time

No comments:

Post a Comment