Saturday, August 10, 2013

မ၀င်းမော်ဦး မိသားစုကို ပိုက်ဆံ မရှိလို့ မဖိတ်ဘူး ဆိုတဲ့သတင်း မမှန်ကန်

လူတွေကလည်း ..ချင့်ယုံကြဖို့ လိုပြီဗျ.။ဒီနေ့ မ၀င်းမော်ဦး မိသားစုကို ပိုက်ဆံ မရှိလို့ မဖိတ်ဘူး ဆိုတဲ့ ...post တင်ပြီး share ကြတဲ့ သကောင့်သားတွေစကား ယုံကြတာများ ..အံ့သြလို့ဗျား..။

ဒီနေ့ အခမ်းအနားမှာ .....မ၀င်းမော်ဦးရဲ့ မိသားစုက ဆယ်ယောက်လောက်ရှိပါတယ်..။အဖွားလည်းပါပါတယ်..။ ဒေါက်တာဝင်းဇော်နဲ့လည်း တွေ့ကြပါတယ်..။အမှတ်တရလည်း ဓါတ်ပုံတွေ ရိုက်ကြပါတယ်..။ပြဇာတ်ထဲမှာလည်း မ၀င်းမော်ဦးရေးထားတဲ့ ကဗျာလေးကို ..ရွတ်ကြပါတယ်..။

အဲဒါကိုမှ .... ၀ါဒဖြန့်သူတွေက .... information အမှားတွေနဲ့ .. ပိုက်ဆံမရှိလို့ မ၀င်းမော်ဦးမိသားစုကို မဖိတ်ဘူး ဆိုပြီး ..အောက်တန်းကျကျ ၀ါဒဖြန့်ကြပါတယ်..။

ထူးခြားတာက ...အဲဒီ ၀ါဒဖြန့်သူတွေထဲက အများစုဟာ ... စစ်သားတွေဖြစ်သလို ..ဘာသာရေးကိစ္စတွေမှာ .... ရှေ့ဆုံးက ၀ါဒဖြန့်သူတွေ ဖြစ်နေတာပါပဲ..။

သေချာတာက .. ဦးခင်ညွန့်ရဲ့ အရင်အဖွဲ့ ဖင်ဖျားတောင် မမီသေးတာတော့ သေချာပါတယ်..။ရယ်ရတယ်ဗျာ..။အဲဒါကို ........... လူတွေက ယုံနေကြတာကိုက ........ ပိုရယ်ရတယ်ဗျ..။

(ငရဲသား)
https://www.facebook.com/myanmardaily.net

No comments:

Post a Comment