မြန်မာနိုင်ငံကို
ကိုလိုနီအင်္ဂလိပ်တွေ အုပ်စိုးတုန်းက ဘုရား၊စေတီ တွေပေါ် တက်ရင်သူတို့
ဖိနပ်စီးလို့ရပါတယ်။ ဘုရားပေါ်မှာ သည်လိုမျိုး စာတန်း ထိုးတာပါ “ ဥရောပနှင့်
အမေရိကန် လူမျိုးမှအပ ကျန်သူဖိနပ်စီးခွင့်မပြု” အနောက်နိုင်ငံသားတွေ
စီးလို့ရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲတာကို “ မည်သူမျှဖိနပ်မစီးရ လို့
ရဲရဲဝံ့ဝံ့ကြီး ဆိုင်းဘုတ်စတပ်သူကတော့ တရားဝန်ကြီးချူပ်ဟောင်း
ဦးသိမ်းမောင်ပဲ ဖြစ်ပါတယ်။ အဲ့စာတပ်စဉ်တော့ သူက ၀တ်လုံလေးပါ။ သူ့ကို
၁၈၉၀၊ဇူလိုင် ၁၇ ပေါင်းတည်မြို့နယ်၊ ကျောက်ကုန်းရွာ မှာ မွေးဖွားပါတယ်။
ရန်ကုန်တက္ကသိုလ်တက်တော့ ဘီအေ တန်း တွေမှာ ဂုဏ်ထူးနဲ့အောင်ပါတယ်။
ပါဠိဘာသာမှာလည်း ဂုဏ်ထူးဖြင့် အောင်ပါတယ်။ ၀တ်လုံတော်ရရှေ့နေကို လန်ဒန်ကနေ
အောင်တာပါ။ ဂုဏ်ထူးနဲ့အောင်လို့ ရွှေဒင်္ဂါးပြား ၅၀ ဆုကိုတောင် ရခဲ့ပါတယ်။
မည်သူမျှဖိနပ်မစီးရ လို့ရေးလည်း အာဏာပိုင် အင်္ဂလိပ်တွေတော့ မမူ့ပါဘူး။
ပဲခူးမြို့မှာ ငလျင်လူပ်တော့ ရွှေမော်ဓော စေတီတော်ကြီး ပြိုရာ ဘုရင်ခံ
ဆာရယ်ဂျီနယ် ကရက်ဒေါက်က ဖိနပ်မချွတ် ဘဲ ဘုရားကုန်ပေါ် တက်ခဲ့ပါတယ်။ အဲတာကို
ရွှေမော်ဓော ဂေါပကလူကြီး က ရန်ကုန်မြို့ ၀ိုင်အမ်ဘီအေ အသင်းကို တိုင်ပါတယ်။
အဲ့မှာ အတွင်းရေမှူး ဖြစ်နေတဲ့ ၀တ်လုံ ဦးသိမ်းမောင်က
မြို့လုံးကျွတ်အစည်းအဝေး ခေါ်ပြီး လူထုကို တရားဟော ရှင်းလင်းတင်ပြပါတယ်။
အဲ့မှာ ရာနူန်းပြည့်က ဖိနပ်မစီးတာကို ထောက်ခံကြတော့ ဘုရင်ခံကလည်း
လူထုသဘောကို နောက်ဆုံး လိုက်လျောပြီး လူဖြူ၊လူမည်း အကုန်လုံး
(တချို့မြန်မာတွေတောင် ဖိနပ်စီးတက်လို့ပြောတယ်၊အဲ့ခေတ်က ထောပတ်ငါးပိ
လူတွေလို့ခေါ်တယ်) ဘယ်သူမှ မြန်မာတနိုင်ငံလုံး ဖိနပ် မစီးရတော့ပါဘူး။ ၁၉၄၅
မှာ လွှတ်တော် တရားရေးဝန်ကြီးချုပ်အဖြစ် နဲ့ ၁၉၅၇ ထိ တာဝန်ထမ်းပါတယ်။
အိမ်စောင့် အစိုးရလက်ထက်မှာ ဒုတိယ ၀န်ကြီးချုပ် အဖြစ်
ပါဝင်ဆောင်ရွက်ခဲ့ပြီး သတိုးသီရိသုဓမ္မ ဘွဲ့ကို ချီးမြင့်
ခံရပါတယ်။(အဲ့ခေတ်က ဘွဲ့က ခုခေတ်လို ပိုက်ဆံပေးရင်ရတဲ့ ဘွဲ့မဟုတ်ဘူးနော်)
သူအငြိမ်းစားယူတဲ့အခါ ရွှေတိဂုံမှာ ဂေါပကအဖြစ် နဲ့ပဲ နေထိုင်ရင်း အသက် ၈၅၊
၁၉၇၅ မတ်လ ၁၁ မှာ နေအိမ်မှာပဲကွယ်လွန်ခဲ့ပါတယ်။ (တချိန်က ထင်ရှားခဲ့သော
ပုဂ္ဂိုလ်ကြီးများ စာအုပ်ကနေ ကောက်နုတ်ပါတယ်) ဓါတ်ပုံကတော့
(mingalarpar.org) ကနေယူပါတယ်။
Today myanmar မှ
Today myanmar မှ
No comments:
Post a Comment