Sunday, August 11, 2013

ဆရာမင်းလူ ဆေးကုသမှုခံယူနေတဲ့ ၀ိတိုရိယဆေးရုံဆီ ပရိသတ်များအားလုံးအတွက် ကိုယ်စားပြု သွားရောက်ပြီး တစ်ဆင့်ဆက်သွယ်ပူဇော်လှူဒါန်းမှုြ

ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ကြိုတင်အသိပေး ကြေညာခဲ့တဲ့အတိုင်း ယမန်နေ့(စနေ့နေ့) နံနက်ပိုင်း ၁၀း၀၀ နာရီမှာ
ဆရာမင်းလူ ဆေးကုသမှုခံယူနေတဲ့ ၀ိတိုရိယဆေးရုံဆီ ပရိသတ်များအားလုံးအတွက် ကိုယ်စားပြု သွားရောက်ပြီး
တစ်ဆင့်ဆက်သွယ်ပူဇော်လှူဒါန်းမှု ပြုလုပ်ထားတဲ့ မနိုးနိုး၊ မဆုမွန်ထွေး၊ ကိုနိုင်မောင်မောင်၊ မဇွန်သဉ္ဇာလင်း၊
ကိုဝင်းထွဋ်ဦး+မသူဇာဦး၊ ကိုအောင်မျိုးလွင်၊ မဇွန်ပွင့်၊ ကိုဆက်နိုင်၊ ကိုဇလတ်နဲ့ အခြားသောညီအစ်ကို၂ဦးတို့ရဲ့
ပူဇော်ကန်တော့ငွေ စုစုပေါင်း ၆၃၀,၀၀၀ ကျပ်ကို (အမည်၊ နေရပ်လိပ်စာ၊ လှူဒါန်းငွေပမာဏ၊ ဖုန်းနံပါတ်)
စာရင်းဇယားနဲ့တကွ ဆရာ့မိသားစုထံ အပ်နှံနိုင်ခဲ့ပါတယ်... အရင်ရက်တွေကထက် ပိုမိုလှုပ်ရှားနိုင်ပြီး အစာ
အနည်းငယ်စားလာနိုင်ပြီဖြစ်တဲ့ ဆရာ့ကိုလည်း အချိန်အနည်းငယ်ခွင့်ပန်ပြီး စကားတချို့နဲ့ အားပေးခွင့်ရရှိခဲ့ပါတယ်..

ဒီအစီအစဉ်မှာ ဆရာ့အတွက် တစ်ဆင့်လှူဒါန်းခြင်းအားဖြင့် ပူဇော်ကန်တော့တဲ့ ညီအစ်ကိုမောင်နှမမိတ်ဆွေများကို
လည်းကောင်း၊ ပြည်တွင်းဘဏ်တွေကနေ ဆရာ့မိသားစုဝင်တစ်ဦးရဲ့ ဘဏ်အကောင့်ထဲကို တိုက်ရိုက်ပေးပို့ လှူဒါန်း
ခဲ့ကြတဲ့ သင်္ဃန်းကျွန်း သုဓမ္မာအိမ်ရာမှ အစ်မတစ်ဦး၊ မMaw MyintMyint ၊ ကိုNawa Thwin ၊ မNyien Nyein Aung ၊
ကိုLynn Hphone Thant ၊ ကချင်ပြည်နယ်မှ ညီမငယ်တစ်ဦး၊ စင်ကာပူမှ ကိုမျိုးလေးကိုလည်းကောင်း၊ အချိန်
အခက်အခဲများကြားထဲက အတူတကွလာရောက်ပါဝင်ခဲ့တဲ့ ညီအစ်ကိုများကိုလည်းကောင်း၊ ဆရာ့ပရိသတ်များရဲ့
အခုလို ချစ်ခြင်းအားဖြင့် မေတ္တာပြမှုအစီအစဉ်ကို အချိန်မအားလပ်တဲ့ကြားထဲက လိုက်လျော လက်ခံခဲ့ပေးတဲ့
ဆရာ့မိသားစုဝင်များကိုလည်းကောင်း၊ အခြားသောတစ်ဆင့်ကူညီမှုများနဲ့ ပါဝင်ကူညီပေးကြတဲ့ ညီအစ်ကိုများကို
လည်းကောင်း၊ လေးစားချစ်ခင်ခြင်းအားဖြင့် ဆက်လက်သတိရ ဆုတောင်းပေးလျက်ရှိတဲ့ ဆရာ့ရဲ့စာဖတ်
ပရိသတ်ပေါင်းများစွာကိုလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါတယ်.. ဆက်လက်ပြီး ယခုလို ပူဇော်
ကန်တော့လိုသူများရှိရင်လည်း ပြည်တွင်းဘဏ်များကနေ ဆရာ့မိသားစုဝင်တစ်ဦးရဲ့ဘဏ်အကောင့်ထဲကို
ငွေပမာဏ မည်ရွေ့မည်မျှသတ်မှတ်ချက်မရှိ၊ အချိန်ကာလ ကန့်သတ်ချက်မရှိဘဲ တိုက်ရိုက်လွှဲပို့
လှူဒါန်းနိုင်ပါကြောင်းလည်း ထပ်မံ အသိပေးတိုက်တွန်းနှိုးဆော်လိုပါတယ်..

► Name of Account : Daw Yu Ya
Account Number : 0003600100012947 (CB Bank, Thingangyun)

Name of Account : Daw Yu Ya
Account Number : 0100202100003608 (United Amara Bank, Thingangyun) ◄


ဆရာ့ပရိသတ်များ တစ်လုံးတစ်ဝတည်း ဆန္ဒရှိတဲ့အတိုင်း ဆရာခံစားနေရမှုများလည်း သက်သာပျောက်ကင်းပြီး
အားအင်ပြည့်ဝကာ အမြန်ဆုံးကျန်းမာလာနိုင်ပါစေလို့ ဆက်လက်ဆုတောင်းလိုက်ပါတယ်..

No comments:

Post a Comment