Tuesday, August 20, 2013

တရုတ်သို့ဆန်တင်ပို့ရန်ဗီယက်နမ်ကိုမြန်မာမယှဉ်နိုင် ===================== နိုင်နိုင်ဇော်၊သြဂုတ်(၁၉) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

လက်ရှိ ဆန်တန်ချိန် လေးသန်းကျော်လို အပ်နေသည့် တရုတ်နိုင်ငံ ဆန် ဈေးကွက်ကို ပြည်တွင်း ဆန်လုပ် ငန်းရှင်များအနေဖြင့် ဗီယက်နမ် နှင့်အပြိုင်တင်ပို့နိုင်ရန် မဖြစ်နိုင် သေးကြောင်း မြန်မာနိုင်ငံဆန်ကုန် သည်အသင်းဥက္ကဋ္ဌ ဦးအောင်သန်း ဦးက ပြောသည်။
တရုတ်နိုင်ငံ၏လူဦးရေ တိုး တက်မှုကြောင့် နှစ်စဉ် ဆန်တန် ချိန် လေးသန်းကျော် တင်သွင်းနေ ရာ ယင်းဈေးကွက် အားလုံးနီးပါး ရရန်အတွက် ဗီယက်နမ်ဆန်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ရှိမြန်မာ့ဆန်၏ အရည်အ သွေးပိုင်းတွင် အားနည်းချက်များ စွာ ရှိနေသေးကြောင်း ယင်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည် အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး က ''တရုတ်ဈေးကွက်အကုန်လုံး ရဖို့ဆိုတာ မလွယ်ကူဘူး။ ဗီယက် နမ်ကိုယှဉ်ဖို့ဆိုရင် ဈေးနှုန်းလျှော့ ပေးတဲ့ပုံစံနဲ့ပဲ ဈေးကွက်တိုးလို့ရ မယ်။ အရည်အသွေးပိုင်းကတော့ အများကြီးလုပ်ယူရဦးမယ်။ နောက် တစ်ခုကူသါငျအငချ အပိုင်းမှာလဲ သူကသာနေပြန်တယ်။ ဒါကြောင့် ဈေးကွက်များများလိုချင်ရင် ဈေး ကစားတဲ့နည်းပဲရှိတယ်''ဟု ဆို သည်။
ယခုနှစ်အတွင်း တရုတ်နိုင်ငံ ၏ ပြည်တွင်းဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆန် တန်ချိန် လေးသန်းခွဲအားဝယ်ယူ ရန် ပြောဆိုထားမှုများရှိနေသော် လည်း မြန်မာနိုင်ငံအနေအထား အရ ယင်းပမာဏအတိုင်း အားလုံး တင်ပို့ရန် မဖြစ်နိုင်သေးကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံ၏ ပြည် တွင်းစားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၁ဝသန်းဝန်းကျင်ရှိနေ ပြီး ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၁၄သန်းဝန်းကျင်သာခန့်မှန်းရ ခြင်းကြောင့် ပြည်တွင်းဆန်လက် ကျန် အားနည်းသွားနိုင်ကြောင်း ယင်းကဆိုသည်။
မြန်မာ့ဆန်အရည်အသွေး ပိုင်းနှင့်ပတ်သက်၍ တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌဒေါက် တာစိုးထွန်းကလည်း ဆန်ပြည်ပ တင်ပို့ရာတွင် ၂၅မှတ်တန် (ပေါ် ဆန်း၊ ပေါ်ကျွဲ၊ ငစိန်)မှလွဲ၍ ကျန် အားလုံးနီးပါးမှာ ဧည့်မထအမျိုး အစားများအဖြစ်ပါဝင်နေပြီး အ မျိုးပေါင်း ၅၀ ဝန်းကျင်အထိရှိနေ သည့်အတွက် အရည်အသွေးပိုင်း တွင် အာမခံချက်မပေးနိုင်သေး ကြောင်း ပြောသည်။
ဆန်အရည်အသွေးပိုင်းတွင် အားနည်းချက်ကြောင့် လက်ရှိအ ချိန်တွင် ဆန်မှာယူသည့် နိုင်ငံမှ ကြိုက်နှစ်သက်သည့်ဆန်အား တန်ချိန်မည်မျှပို့ပေးရန် ကမ်းလှမ်း လာပါက မဖြစ်နိုင်သေးကြောင်း၊ လက်ရှိအချိန်တွင် ဆန်ထုတ်လုပ် မှုစရိတ်များ ကြီးမြင့်နေသည်ကို လျှော့ချရန်လိုသည့်အပြင် ဆန် တင်ပို့မှုဆိပ်ကမ်းသီးသန့်မရှိခြင်း များမှာလည်း ဆန်အရည်သွေး ပိုင်းကျဆင်းမှုများ၏ အကြောင်း အရင်းများဖြစ်နေသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ မွန်ပြည် နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ဆန်တင်ပို့မှုအား ယခင်နှစ်စံချိန် ထက်မလျော့စေရန်နှင့် တန်ချိန် နှစ်သန်းနီးပါးအား တရုတ်ဈေး ကွက်အတွင်းရောက်ရှိရန် ခန့်မှန် ထားကြောင်း ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြော သည်။

No comments:

Post a Comment