Wednesday, August 7, 2013

တွေ့ရှိပါက အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံခြင်း


Chat Box ကပေးပို့အကူညီတောင်းတာပါ....ကူညီကောင်းပါတယ်... မိမိပတ်ဝန်းကျင်မှာများတွေ့ရှိခဲ့ရင်ဆက်သွယ်ပေး လိုက်ပါဦး.. ကုသိုလ်ရပါတယ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့အုပ်စု၊ (တောင်နီ)ဘုရားငါးဆူကျေးရွာမှ အဖ- ဦးဝင်းမြင့်+အမိ- ဒေါ်နန်းအေးလှတို့၏ သား - စိတ်ကျန်းမာရေး သိပ်မကောင်းသော အိုက်လင်(ခ)မောင်ငြိမ်းချမ်းမြင့် အသက်(၂၃)နှစ်၊ ၁၃/တကန(နိုင်)၂၅၃၁၃၆ သည် (၃၀.၁၂.၂၀၁၂)ရက်နေ့တွင် ထွက်ခွါသွားပါသဖြင့် တွေ့ရှိပါက ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်တော်/ကျွန်မတို့သည် တောင်ကြီး၊ ဟိုပုန်းနှင့် လက်လှမ်းမှီသော နေရာဒေသများသို့ လိုက်လံ ရှာဖွေ စုံစမ်းပါသော်လည်း ယနေ့အချိန်ထိ တွေ့ရှိခြင်းမရှိသေးပါ။

နှလုံးရောဂါ အခံရှိသော မိခင်ကြီး ဒေါ်နန်းအေးလှသည် သားတော်မောင်ကို ရှာဖွေရင်း နေ့စဉ်နှင့်အမျှ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေရှာပါသည်။

သို့ပါသောကြောင့် တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်း - 09.428344028၊ 09.428333499၊ 09.428349290

ဦးဝင်းမြင့်+ဒေါ်နန်းအေးလှ
(တောင်နီ)ဘုရားငါးဆူကျေးရွာ
မိုင်းသော်အရှေ့အုပ်စု၊တောင်ကြီးမြို့နယ်
ရှမ်းပြည်တောင်ပိုင်း

No comments:

Post a Comment