Tuesday, August 20, 2013

ဘုရားဂေါပကများလိုက်နာရန် စည်းမျဉ်းသုံးခု ရေးဆွဲနေ မေသက်ဇင်၊ရန်ကုန် သြဂုတ်(၁၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

မြန်မာနိုင်ငံ တွင်းရှိ ဘုရားစေတီဂေါပကများ အတွက် ဂေါပကအဖွဲ့များစံပြု မှီငြမ်းလိုက်နာရန်သာသနာရေး ဝန်ကြီးဌာနမှ ထပ်မံရေးဆွဲလျက် ရှိသော စည်းမျဉ်းသုံးခုအား စက် တင်ဘာလကုန်ပိုင်းတွင် အပြီး သတ်ရေးဆွဲရန် ခန့်မှန်းထား ကြောင်း သိရသည်။

အဆိုပါစည်းမျဉ်းအရ ဂေါ ပက ရွေးချယ်ရာ၌ အရည်အချင်း သတ်မှတ်ချက်များပါဝင်ကာ အ များ ဆန္ဒနှင့်ရွေးချယ်တင်မြှောက် ပြီး ကန့်သတ်ထားသော အရည် အချင်းများနှင့် ညီရမည်ဖြစ်ကာ ဂေါပကသက်တမ်းနှင့်အသက် အရွယ်များကိုပါ ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။

''ဂေါပကစည်းမျဉ်းက သုံး မျိုးရှိတယ်။ အထင်ရှားဆုံးဘုရား၊ အလယ်လတ်ဘုရားနဲ့မထင်ရှား တဲ့ဘုရားတွေဆိုပြီး အဆင့်သုံး မျိုးကွဲနေတယ်။ အဲလိုကွဲနေတဲ့ အတွက် စည်းမျဉ်းတွေက မထိ ရောက်ဘူးဖြစ်နေတယ်။

အဲဒါ ကြောင့် လိုက်လျောညီထွေဖြစ် အောင် ပြန်လည်ရေးဆွဲမှာပါ''ဟု သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင် ဝင်းက ပြောသည်။
ယခုလက်ရှိ ဘုရားစေတီ များတွင်ရှိသောဂေါပကတချို့ မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ကြာနေပြီဖြစ်သော်လည်း ရာထူး တာဝန်အား လွှဲပြောင်းခြင်းမရှိ ဘဲ ဆက်လက်လုပ်ကိုင်ခြင်းကဲ့သို့ ကိစ္စများ လျော့ပါးနိုင်ကြောင်း ယင်းက ပြောသည်။

အဆိုပါစည်းမျဉ်းရေးဆွဲ ခြင်းနှင့်ပတ်သက်၍ ''အခုလို စည်း မျဉ်းတွေ ပြန်ဆွဲတော့ ကောင်း တာပေါ့။ ဟိုးအရင်ကဆို ဂေါပက ခန့်တယ်ဆိုတာ တော်တော်ကို သီလရှိပြီး စီးပွားရေးကို လုံးဝလှည့် မကြည့်တဲ့သူတွေကို ရွေးချယ်ပြီး ခန့်တာ၊ အခုနောက်ပိုင်း ဂေါပက တွေကတော့ စီးပွားရေးဆန်တဲ့ သူများတယ်။

အများဆန္ဒနဲ့ ရွေး ကောက်တာ မဟုတ်တော့လေ၊ အခု အများဆန္ဒနဲ့ရွေးမှာဆိုရင် တော့ ကောင်းတယ်''ဟု အသက် ၇၂နှစ်အရွယ်ရှိ အဘဘိုးညိုက ပြောသည်။

စည်းမျဉ်းရေးဆွဲခြင်းအား ၂၀၁၃ခုနှစ် ဇူလိုင်လကုန်ပိုင်းမှ စတင်ရေးဆွဲခဲ့ကာ စက်တင်ဘာ လကုန်တွင် မူကြမ်းအား ပြီးဆုံး ရန် ခန့်မှန်းထားကြောင်းနှင့် စည်းမျဉ်းမူကြမ်းရေးဆွဲမှုပြီးဆုံး ၍ အတည်ပြုပြီးပါက

ဂေါပက ရွေးချယ်ခြင်းအား သာသနာရေး ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသ ကြီးများ၊ ခရိုင်၊ မြို့နယ်အလိုက် ရွေးချယ်သွားမည်ဖြစ်သည်။
ယခုဂေါပကများ ကျင့်သုံး လျက်ရှိသော စည်းမျဉ်းမှာ ၁၉၈၂ နှင့် ၁၉၉၃တို့တွင် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့ ရေးဆွဲထားသော စည်းမျဉ်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment