Thursday, August 8, 2013

ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြန်မာ နှစ်ဆင့် ထပ်မံလျော့ကျ = ညီမိုဃ်း သြဂုတ်(၈) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဩဂုတ်လအတွက် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာတွင် ထိပ်ဆုံးအ သင်း(၁၂)သင်းနေရာသည် အ ပြောင်းအလဲ မရှိခဲ့သော်လည်း မြန်မာလက်ရွေးစင်အသင်းအ နေဖြင့် ယခင်လထက်အဆင့် နှစ် ဆင့်လျော့ကျသွားခဲ့ပြီး ကမ္ဘာ့အ ဆင့်(၁၆၅)သို့ရောက် ရှိသွားခဲ့ ကြောင်းသိရသည်။
ဖီဖာမှထုတ်ပြန်ခဲ့သောကမ္ဘာ့ အဆင့်သတ်မှတ်ချက်များအရ စပိန်အသင်းသည် အဆင့်(၁)နေရာ၌ရပ်တည်နေပြီး ထိပ်ဆုံး (၁၀)သင်းစာရင်းတွင် စပိန်၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီး နား၊ နယ်သာလန်၊ အီတလီ၊ ပေါ် တူဂီ၊ ခရိုအေးရှား၊ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့က အစဉ် လိုက်ရပ်တည်လျက်ရှိကြသည်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက် များအရ အာရှတိုက်တွင် ဂျပန် အသင်းက ကမ္ဘာ့အဆင့် (၃၇)ဖြင့်ဦးဆောင်လျက်ရှိပြီး ၎င်း၏နောက်တွင် ဩစတြေးလျနှင့် အီရန်အသင်းတို့က အစဉ်လိုက် ရပ်တည်လျက်ရှိကြသည်။ အာ ဆီယံဒေသတွင်းရပ်တည်မှုများ တွင် ထိုင်းအသင်းကမ္ဘာ့ အဆင့် (၁၃၇)ဖြင့်ဦးဆောင်လျက်ရှိပြီး ဖိ လစ်ပိုင်(၁၄၁)၊ စင်ကာပူ (၁၅၅)၊ ဗီယက်နမ်(၁၅၆)၊ မလေးရှား (၁၆၂)၊ မြန်မာ(၁၆၅)၊ အင်ဒိုနီး ရှား(၁၆၉)၊ လာအို (၁၇၂)၊ ဘရူ နိုင်း(၁၈၃)၊ ကမ္ဘောဒီးယား(၁၉၉) တို့ဖြင့် အသီးသီးရပ်တည်လျက် ရှိကြသည်။
ဖီဖာသည် ကမ္ဘာ့အဆင့်များ ကိုသတ်မှတ်ရာတွင် တစ်လတာအ တွင်းကစားခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများနှင့် ခြေစမ်းပွဲများ၏ရ လဒ်များကိုကြည့်၍ သတ်မှတ်ပေး ခဲ့ခြင်းဖြစ်ရာ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုလတွင် လည်း မည်သည့်ပွဲစဉ်မှ ယှဉ်ပြိုင် ကစားခဲ့ခြင်းမရှိသောကြောင့် ယ ခုကဲ့သို့ ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် ယခုကဲ့သို့ ထပ်မံလျော့ကျ ခဲ့ရခြင်းဖြစ်သည်။

No comments:

Post a Comment