Thursday, August 15, 2013

ရော်နယ်ဒိုကို ပြေးဖက်လို့ ထောင်တစ်ရက်ကျတာ တန်ပါတယ်---ဂျိုကာ

ရီးရဲလ်က ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ ဂွန်းနက် နိုင်ငံတကာဖလား ဗိုလ်လုပွဲမှာရော်နယ်ဒိုကို ကွင်းအတွင်း ပြေးဝင်ဖက်ခဲ့တဲ့
ပရိသတ်ဟာ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ၂ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုကို ပြေးဖက်ခဲ့တာကတော့ အသက် ၁၉နှစ်အရွယ် ဂျိုကာဆိုတဲ့ ပရိသတ်ဖြစ်ပြီး အဖမ်းခံရတာထက် ရော်နယ်ဒိုနဲ့ စကားပြောခဲ့ရလို့ ပျော်ရွှင်နေပြီး ရလိုက်တဲ့ ကျေနပ်ပီတိနဲ့ ပေးခံရတဲ့ အပြစ်ဒဏ် ထိုက်တန်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ခင်ဗျား(ရော်နယ်ဒို)က ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါဗျာ။ ကျွန်တော် ခင်ဗျားနောက်လိုက်ပြီး အမြဲအားပေးခဲ့တာပါလို့ ဂျိုကာ ပြောနေတုန်း ရဲတွေရောက်လာခဲ့တာပါ။ အဲဒီအချိန်မှာ သူပြောခဲ့တာက “ ကျေးဇူးပြုပြီး ရဲတွေကို ဖမ်းခွင့်မပြုလိုက်ပါနဲ့ဗျာ”ဆိုတာပါပဲ။

ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဂျိုကာကို တင်းတင်းဖက်ထားခဲ့ပါတယ်။ “ရော်နယ်ဒိုနဲ့ စကားပြောခွင့်ရတာ ကျွန်တော့်အတွက် မဟာအခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို ကျွန်တော်မဖြစ်မနေရအောင် ယူမှာပါ။ ဒီအတွက် အထိန်းသိမ်းခံရတာလည်း တန်ပါတယ်”လို့ ဂျိုကာက ပြောခဲ့ပါသေးတယ်။
http://yoyarlay.com/sport/football/37210-2013-08-15-17-23-19
ဇော်ထွန်း(ရိုးရာလေး)
Like · · · about an hour ago

No comments:

Post a Comment