Thursday, August 15, 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၁၅-၈-၂ဝ၁၃ မှ ၂၁-၈-၂ဝ၁၃ ) ဟောစတမ်း

တနင်္ဂနွေ
ကောင်းသော အပြောင်းအလဲ ရှိမည်။ မိတ်ကောင်းများထံမှ အထောက် အကူရမည်။ အတိုက်အခံကြားမှ တိုးတက်မည်။ အပျောက်အရှ များတတ် သည်။ ငွေကြေး လက်လွန်တတ်သည်။ ဆောင်ရွက်လိုက်သော ကိစ္စများ ဆုံးခန်း မတိုင်မီ ရပ်တန့်သွားတတ်သည်။ လက်လွန်ထားသော ငွေကြေး၊ ပစ္စည်းအတွက်စကားပြောဆို ရအောင်မြင်မည်။
ယတြာ ။ ။ ယတြာ-မွေးနေ့တွင် အုန်းသီးစိတ် ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
သူတစ်ပါးအပေါ် ယုံစားလွန်း၍ စိတ်အနှောင့်အယှက် ဖြစ်တတ်သည်။ ဒုက္ခပေးသော သူများကြားမှ တိုတးက်မှုရှာရမည်။ စကားမတည်သောသူများနှင့် တွေ့မည်။ အလုပ်လုပ်ရင်း ငွေလက်လွန်တတ်သည်။ အတိတ်ကာလအတန်ကြာ ယုံကြည်စွာ ဆက်ဆံခဲ့သောသူမှ မိမိအပေါ် ဒုက္ခပေးခြင်းကြုံမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ကြာဆန်ချက်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
အနှောင့်အယှက် အခက်အခဲများကို ထိုးဖောက်၍ တိုးတက်သော အခြေ အနေကောင်းကို ရရှိမည်။ မိမိအပေါ် ဒုက္ခပေးသောသူများကို ဖယ်ထုတ်နိုင် သည်။ ဖြစ်ပေါ်နေသောအခြေအနေကိုအသုံးချပြီး တိုးတက်မှုရရှိမည်။ အဖျက် အခက်အခဲများ ရှိနေသည့်ကြားမှ ထိုးဖောက်တိုးတက်မည်။ ငွေမြှုပ်နှံ၍ အကျိုး ရှိမည်။ အလုပ်မရှိသူ အလုပ်ရမည်။ လုပ်ငန်းရှိသူ တိုးတက်မည်။ ခက်ခဲသော ပြဿနာများ ဖြေရှင်းအဆင်ပြေမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် စံပယ်ပန်း ၃ ကုံး ဘုရားပန်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ဝေးကွာနေသောသူများနှင့် ပြည်လည်ဆုံစည်းမည်။ ခက်ခဲသောပြဿနာ များ ပြန်လည်ဖြေရှင်းရမည်။ ရန်အတိုက်အခံများကြားမှ တိုးတက်မှုအဆင့်ဆင့် ရရှိမည်။ အပြိုင်အဆိုင် မည်မျှရှိစေ အဆုံးပိုင်းတွင် အောင်မြင်သော အနေအထား ကြုံတွေ့ရပါမည်။ စိတ်ကူးသစ်နှင့်လုပ်ကိုင်ခြင်း မှ ကောင်းသောအကျိုးဆက် ရရှိမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် အဝါရောင်ပန်းပွင့်များ ဘုရားပန်း ကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
အခက်အခဲများ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ လူယုံထား၍ မရသေး ပါ။ ဆုံးဖြတ်ချက်သစ် ချမှတ်ပြီး လုပ်ကိုင်လိုက်သော ကိစ္စများမှ ထူးခြားသော တိုးတက်မှုကောင်းများ ရရှိမည်။ သူတစ်ပါးနှင့် ပူးပေါင်းလုပ်သော ကိစ္စများမှ ထူးခြားသော အကျိုးဆက် ရရှိမည်။ ရုတ်တရက် ပေါ်လာသော အခြေအနေကို အသုံးချပြီး တိုးတက်မှုအဆင့်ဆင့်ရရှိမည်။ အချစ်ရေး၊ မေတ္တာရေးတွင် ကံကောင်း သောအနေအထားရှိပါသည်။
ယတြာ ။ ။ ယတြာ-မွေးနေ့ညနေပိုင်းတွင် ရွှေရင်အေးဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အပြောင်းအလဲရှိမည်။ မိတ်ကောင်း ဆွေကောင်း အကူအညီရမည်။ အရပ်ဝေးနှင့် ဆက်နွယ်လုပ်ကိုင်သည်များမှ ထူးခြားသော အကျိုးဆက်ရရှိမည်။ ငွေကြေး လာရောက်ချေးငှားသူများ ရှိမည်။ ပေးလိုက်ပါက သေချာပေါက် ဆုံးမည်။ မိသားစုတွင်လည်း သားချင်းဆွေမျိုးများကြောင့် စကားများရခြင်း၊ စိတ်ပင်ပန်းရခြင်းများ ရှိမည်။ လုပ်ငန်းခွင်မှသူများအဖို့ မထင်မှတ်သော အပြောင်းအလဲများမှ ရည်ရွယ်ထားသည်ထက်ပိုသော အောင်မြင်မှုကို ရရှိမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် မုန့်ဖက်ထုပ် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
စိတ်ချမ်းသာခြင်း၊ အောင်မြင်ပျော်ရွှင်ခြင်း၊ ကံမြင့်မားခြင်းများ စုပေါင်းဖြစ် ပေါ်မည်။ ရန်အခက်အခဲအားလုံးကို ဖြေရှင်းပယ်ရှားနိုင်မည်။ သူတစ်ပါး တား ဆီးနေသည့်ကြားမှ ဇွတ်ဆောင်ရွက်လိုက်သော ကိစ္စများ အကျိုးဖြစ်ထွန်းလာ မည်။ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွင် အောင်မြင်မှု ရလင့်ကစား အိုးအိမ်ကိစ္စ၊ မိသားစုရေးရာများတွင်ကား အဆင်မပြေခြင်းများ ရှိမည်။ ပြဿနာများ လိုက် လံဖြေရှင်းရမည်။ အပေါင်းအသင်းများသည်လည်း အကျိုးပေးခြင်း မရှိ။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် သစ်ခွပန်းရောင်စုံ ဘုရားကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
ပြောင်းလဲခြင်းနောက်မှ တိုးတက်ခြင်း ဖြစ်ထွန်းမည်။ တစ်ခုထက်မက သော အလုပ်များကို တစ်ပြိုင်တည်း လုပ်ကိုင်၍ တက်လမ်းရရှိမည်။ စိတ်ကူး ထားသည်များကို ရဲရဲတင်းတင်း ရှေ့တိုးဆောင်ရွက်သင့်သည်။ ငွေကြေးပစ္စည်း များ လက်လွှဲလက်ပြောင်းပြုရာတွင် အထူးသတိရှိရမည်။ အမှားအယွင်းများ ခြင်း၊ ပြန်လည်ဖြေရှင်းရခြင်းများ ကြုံနိုင်သည်။ မလိုအပ်သော စကားများ ပြောရတတ်သည်။ ငွေကြေး၊ စရန်ပေးချေခြင်းများ အလောတကြီး မလုပ်သင့်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ထောပတ်သီးဖျော်ရည် ဆွမ်းတော်တင်ပါ။

စံဇာဏီဘို

No comments:

Post a Comment