Saturday, August 10, 2013

အုန်းတောကြီး ဆူပူမှုဖြစ်အောင် လှုံ့ဆော်ခဲ့သူ နှစ်ဦး ရှိသည် ဟု ဆို စစ်တွေ ၊ ၁၀ သြဂုတ် ၂၀၁၃ ၊

ယမန်နေ့ စစ်တွေမြို့ အုန်းတောကြီး ကုလားရွာရှိ ရဲစခန်းကို ကုလားများဝိုင်းကာ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားသဖြင့် သေဆုံးဒဏ်ရာရမှုများဖြစ်ခဲ့ရသော ဖြစ်စဉ်နောက်ကွယ်တွင် လှုံ့ဆော်သူ နှစ်ဦး ရှိနေခဲ့သည် ဟု ဘင်္ဂါလီကုလားများ အသိုင်းအ၀ိုင်းက ဆိုသည်။

ဖြစ်စဉ်အစတွင် ရေမျောအလောင်းတစ်လောင်း အား တွေ့ရှိရသဖြင့် အုန်းတောကြီးရဲစခန်းက စစ်ဆေးရန် ယူဆောင်သွားသည်ကို၊ ယင်းအလောင်းမှာ လက်ရှိ အထိန်သိမ်းခံနေရသူ ကုလားရှေ့နေ ဦကျော်လှအောင်၏ အလောင်းဖြစ်ကြောင်း ရဲများက သတ်ပစ်လိုက်သည်ကို ရေမျောအလောင်းရရှိသည့်ပမာ ဟန်ဆောင်နေကြခြင်း ဖြစ်ကြောင်း စသည်ဖြင့်ပြောဆိုကာ ဆေးသမားကျေးရွာမှ မာမက်ရော်ဖီး ဆိုသူနှင့် အုနမ်းတောကြီးကျေးရွာမှ ကာမာ ဆိုသူတို့က လုပ်ကြံပြောဆို လှုံ့ဆော်ခဲ့ကြသည် ဟု ဆိုသည်။

ယမန်နေ့ အစိုးရ MRTV ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက်အရ ပြီးခဲ့သော သြဂုတ်လ (၄) ရက်က စက်လှေမှောက်ပြီး ပျောက်ဆုံးနေခဲ့သူ အဒူရော်လီ ၏ အလောင်းဖြစ်နိုင်ဖွယ်ရှိကြောင်းသိရသည်။

( Coral Arakan News အတွက် Kaw Kar Nu ရေးသားသည်။ )

No comments:

Post a Comment