Thursday, August 8, 2013

သံတွဲတွင် ရဟန်းတော်များ အစည်းအဝေးကျင်းပ / အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ဗလီဆရာများ နှင့် သွားရောက်တွေ့ဆုံခဲ့သော ရဟန်းသည် သံတွဲသံဃာအား ကိုယ်စားမပြု ဟု ဆို (၀၉ သြဂုတ် ၂၀၁၃)

ယမန်နေ့က သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်၌ ကျင်းပသောရဟန်းတော်များ ၏ အစည်းအဝေးတွင်
အောက်ပါတို့ကို ဆုံးဖြတ်ခဲ့ကြသည်။

(၁) ပြီးခဲ့သောအပတ်က သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင်ကျင်းပပြုလုပ်ခဲ့သော
ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစည်းအဝေးတွင် ရဟန်းတစ်ပါးတည်းအား သီးသန့်ခေါ်ယူတက်ရောက်စေပြီး ဗလီဆရာများနှင့်တွေ့ဆုံစေခဲ့သည့်ကိစ္စတွင် သံတွဲမြို့နယ်ရှိ သံဃာတော်များ နှင့် ပတ်သက်မှုမရှိကြောင်း၊ အဆိုပါ တက်ရောက်သူ ရဟန်းတစ်ပါးတည်း၏ ဆန္ဒသဘောထားသာလျှင် ဖြစ်ကြောင်း။

(၂) ၂၆-၈-၂၀၁၃ နေ့သည် နိုင်င်ငံတော်ဗုဒ္ဓဘာသာနေ့ဖြစ်သောကြောင့် သံတွဲတစ်မြို့နယ်လုံးရှိ ဗုဒ္ဓဘာသာ အိမ်တိုင်းတွင် သာသနာ့အလံထောင်ရန်။

(၃) ၂၆-၈-၂၀၁၃ နေ့ တွင်တစ်မြို့နယ်လုံးမှ သံဃာတော်များပင့်ဖိတ်ပြီး အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ နှင့် သံတွဲတစ်မြို့နယ်လုံးမှ အဖွဲ့ပေါင်းစုံ စုစည်း၍ ဆွမ်းခြောက် လောင်းလှူမည့်အစီအစဉ်များအား တညီတညွတ်တည်း ဆုံးဖြတ်ကြကြောင်း သတင်းရရှိပါသည်။

Source : Aung Aung

No comments:

Post a Comment