Thursday, August 15, 2013

ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်" ခေတ်သတင်း


မကွေးတိုင်း ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်ကို သမ္မတ ဦးသိန်းစိန်က တာဝန်မကျေပွန်လို့ ရာထူး
တာဝန် က ရပ်စဲ လိုက်တဲ့ အမိန့်ကို ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။



သူ့ကို ခန့်အပ်ပြီး ၂ နှစ်ခွဲ ပြည့်ခါနီး အချိန်မှာ ဖြုတ်တာပါ။
တခြား ပြည်နယ်တိုင်း ၁၃ ခုက ဥပဒေချုပ်များအကြောင်းတော့ မသိရသေးပါ။
ဦးမောင်မောင်ဖြူတင့် ဘယ်လို တာဝန်မကျေဘူး ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရေးမထားပါ။
ဦးမောင်မောင်ဖြူတင့်ဟာ အတိတ်ကာလမှာတော့ တာဝန်ကျေတဲ့သူ ဖြစ်ခဲ့ပုံရပါတယ်။ ဘာကြောင့်လဲလို့ ဆိုတော့ ဗိုလ်ချုပ်ကြီးတို့ရဲ့ တမေ့တမောအမျိုးသားညီလာခံကြီးမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့လို့ပါပဲ။

အတိတ်ကာလ ကောင်းကျိုးပေးခဲ့တာတွေကို မထောက်ထားဘဲ ဖြုတ်လိုက်ပြီ ဆိုတော့လည်း အင်း... နောက်တယောက် အစားထိုးကြောင်း အမိန့်စာကို စောင့်ဖတ်ရုံပေါ့။
အခုလို တာဝန်မကျေပွန်လို့ ရာထူး က ဖြုတ်လိုက်ပြီး လူသိရှင်ကြား အမိန့်ထုတ်ပြန်တာကတော့ ဒါဟာ ဒီအစိုးရရဲ့ အစဉ်အလာမှာ ပထမဆုံးဖြစ်ဟန်တူပါတယ်။

အဆိုပါ အမိန့်ကို သမ္မတ ရုံး ၀က်ဆိုက်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပါ ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment