Saturday, August 10, 2013

ပြည်မြို့တွင် ရှေ့နေသုံးဦးရှစ်လေးလုံးအထိမ်းအမှတ် လမ်းလျှောက်ချီတက် ရေခဲ (ပြည်) | သောကြာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၂ မိနစ်

ပဲခူးတိုင်း၊ ပြည်မြို့တွင် ရှစ်လေးလုံးငွေ ရတုအထိမ်းအမှတ်အဖြစ် သြဂုတ် ၈ ရက် နံနက် ၈ နာရီတွင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး၊ အလုပ်သင်ရှေ့နေ ဒေါ်စံပယ်၊ အလုပ်သင်ရှေ့နေ ဒေါ်ဖြိုးဝေေ၀မြင့်တို့သည် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နှင့် မြို့ဆိပ်ကမ်းသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။

၎င်းတို့သည် ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူများ အေးချမ်းပါစေဟု ဆုတောင်းကာ နှင်းဆီပန်း ၈၈ ပွင့်ပါသော ပန်းစည်းရှစ်စည်းနှင့် ပိုစတာတို့ကို ကိုင်ဆောင်ပြီး ပန်းများကို မြစ်တွင်းသို့
မျှောချခဲ့ကြသည်။

“တစ်နိုင်ငံလုံးမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဟန်းရှင်လူပြည်သူများကို အောက်မေ့သတိရလို့ အမှတ်တရ အထိမ်းအမှတ် အနေနဲ့ လမ်းလျှောက်တာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

၎င်းရှေ့နေသုံးဦး ကိုင်ဆောင်ခဲ့သော ပိုစတာတွင်လည်း “အသက်ပေးသွားကြသော အညတရကျောင်းသား
ပြည်သူရဟန်းသံဃာအပေါင်းအား ဦးညွတ်ဂုဏ်ပြုလျက်” ဟူသော စာသားရေးထိုးထားသည်ကိုလည်း တွေ့ရသည်။

ပြည်မြို့တွင် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် 7 Day သွေးနှင့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့က ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ စုပေါင်းသွေးလှူဒါန်းမှုလည်း လုပ်ဆောင်ခဲ့သည်။

No comments:

Post a Comment