Tuesday, August 13, 2013

ဟာသသရုပ်ဆောင် အရိုင်းအနုပညာလုပ်ငန်းအချို့ ပြန်လည်လုပ်ဆောင် ပန်းမြတ်ဇော် | အင်္ဂါနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၁၆ မိနစ်

ကြည့်မြင်တိုင်အရိုးအကြောအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည့် ဟာသသရုပ်ဆောင် အရိုင်းသည် လက်ရှိတွင် အနုပညာလုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ၎င်းကမဇ္ဈိမသို့ ပြောကြားခဲ့သည်။

ပေါင်ထိပ်ရိုး သွေးမလျှောက်ခြင်းကြောင့် ဇွန် ၂၈ ရက်မှစတင်ကာ ဆေးရုံတက်ရောက်ကာ ခွဲစိတ်ကုသမှုခံ ယူခဲ့သည့်အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းကြောင့် ပြီးခဲ့သည့်ဇူလိုင်အတွင်းက ဆေးရုံကဆင်းနိုင်ခဲ့ပြီး ယခုအခါတွင် အနုပညာအလုပ်များကို စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခု ချုပ်ရိုးလည်းကျက်သွားပါပြီ။ လမ်းလည်း တော်တော်လျှောက်နိုင်ပြီ။ ဆရာဝန်ကတော့ ခွဲပြီးရင် တစ်လတန်သည်၊ နှစ်လတန်သည်နားခိုင်းတယ်။ အခုလည်း အမြဲတမ်း အရိုးအကြောဆေးရုံမှာ လေ့ကျင့်ခန်း သွားသွားလုပ်ရတယ်။ အချိန်တော့ထပ်ယူရဦးမှာပေါ့။ ပြေးပြေးလွှားလွှား လုပ်ရတဲ့အလုပ်တွေ လုပ်လို့မရ သေးပေမယ့် တချို့ရိုက်ကူးလို့ ရတဲ့ဟာတွေတော့ စရိုက်နေပြီ။ ပတ္တမြား FM မှာ အသံသွင်းတာမျိုး၊ ထိုင်ပြီးအေးအေးဆေးဆေးလုပ်ရတဲ့ အလုပ်တွေ အရင်စလုပ်နေတာပေါ့။ ကျွန်တော်ဆေးရုံတက်နေတုန်း သတင်းလာမေးကြတဲ့သူတွေ၊ အားပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အခုဆို လမ်းလည်းလျှောက်နိုင်နေပြီဆိုတော့ နောက်လကစပြီး အနုပညာအလုပ်တွေကို ပုံမှန်လုပ်ဆောင်သွားမှာပါ” ဟု ပြောပြခဲ့သည်။

အရိုင်းသည် Channel 7 မှ ထုတ်လွှင့်သည့် Big Joke Show အစီအစဉ်တွင် ပါဝင်တင်ဆက်နေသူတစ်ဦးလည်း
ဖြစ်သည်။

No comments:

Post a Comment