Tuesday, August 20, 2013

ဥရောပမီးရထားကွန်ရက်ကို အယ်လ်ခိုင်ဒါတို့ ပစ်မှတ်ထား ........................................ ဘာလင်၊သြဂုတ်(၁၉)


အယ်လ်ခိုင်ဒါတို့က ဥရော ပအမြန်နှုန်းမြင့်ရထားကွန်ရက် များကို တိုက်ခိုက်ရန် လျှို့ဝှက်ကြံ စည်နေကြောင်း ဂျာမနီနိုင်ငံ၌ အများဆုံးထုတ်ဝေသည့် Bild န့ စဉ်သတင်းစာတွင် တနင်္လာနေ့ က ဖော်ပြခဲ့သည်။ ထောက်လှမ်း ရေးသတင်းများကို အခြေခံ၍ ဖော်ပြခြင်းဟု ဆိုသည်။
အစွန်းရောက်အုပ်စုသည် ပေါက်ကွဲစေတတ်သောပစ္စည်း များအား ရထားများ၊ ရထားလမ်း များ၊ ဥမင်လိုဏ်များ၊ လျှပ်စစ် ဓာတ်ကြိုးများ၌ ချိတ်ဆက် ဖောက်ခွဲနိုင်ကြောင်း သတင်းစာ က ဖော်ပြခဲ့သည်။ ဤသတင်း စာမှာ ဥရောပ၌ ကျယ်ကျယ်ပြန့် ပြန့်ဖတ်ရှုကြခြင်းဖြစ်သည်။
Bild သတင်းစာက ဖော် ပြသည်မှာ သတင်းသည် အမျိုး သားလုံခြုံရေးအေဂျင်စီ NSA အမေရိကန်ပြည်ထောင်စုမှရရှိ ခြင်းဖြစ်ကြောင်း၊ NSA သည် အယ်လ်ခိုင်ဒါထိပ်ပိုင်း ခေါင်း ဆောင်များ၏ ကွန်ဖရင့်ကိုနား ထောင်၍ရရှိသောသတင်းဖြစ် ကြောင်း ဖော်ပြခဲ့သည်။
ဥရောပအမြန်ရထားကွန် ရက်ကိုတိုက်ခိုက်ရန်မှာ အဓိက အချက်ဖြစ်ကြောင်း Bild က ဖော်ပြခဲ့သည်။ ဂျာမနီနိုင်ငံတွင် အဓိကမီးရထားဘူတာများ၌ အရပ်ဝတ်ဖြင့် ရဲများကို ချထား ခဲ့ကြောင်း သတင်းစာက ဆို သည်။ အမေရိကန်မီဒီယာများ အလိုအရ ယခုလအယ်လ်ခိုင်ဒါ ခေါင်းဆောင်အီမန်အယ်လ်ဇာ ဝါဟီရီနှင့် ကမ္ဘာတစ်ဝန်းလုံးရှိ အယ်လ်ခိုင်ဒါကွန်ရက်များမှ ခေါင်း ဆောင်၂ဝတို့၏ ကွန်ဖရင့်ကို ဖမ်းယူနားထောင်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
ဤသတင်းကြောင့် အမေ ရိကန်နှင့် မဟာမိတ်နိုင်ငံများမှ အရှေ့အလယ်ပိုင်းသံရုံးများကို ပိတ်ထားခဲ့ကြသည်။ ဩဂုတ်၁ ရက်ကလည်း အမေရိကန်အယ်လ် ခိုင်ဒါတို့က အရှေ့အလယ်ပိုင်း သို့ မဟုတ် မြောက်အမေရိက၌ တိုက် ခိုက်နိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Ref.AFP

Yangon Media Group

No comments:

Post a Comment