Thursday, August 8, 2013

အမှားဝန်ခံရန် သမ္မတကို ပြောပေးမည်ဆိုသည့်သတင်းအား ငြင်းဆို


မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိနေသော ရှစ်လေးလုံး ဒီမိုကရေစီ
အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ဆွေးနွေးပွဲအခမ်း
အနား ဒုတိယနေ့၊ ယနေ့ (သြဂုတ် ၇ ရက်) ညနေပိုင်း
ဆွေးနွေးပွဲတွင် သမ္မတအကြံပေးဖြစ်သူ ဦးမြင့်က
ယနေ့ (သြဂုတ် ၇ ရက်) ထုတ် The Voice Daily
သတင်းစာ မျက်နှာဖုံးသတင်းပါ "တပ်မတော်အစိုးရ
လက်ထက် အမှားဝန်ခံရန် သမ္မတကို ဦးမြင့်ပြောပေး
မည်ဟုဆို" သတင်းကို ဦးမြင့်ပြန်လည်ငြင်းဆိုခဲ့ရာ
၎င်းသည် ယမန်နေ့က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းမဟုတ်ကြောင်း
လယ်ယာမြေ ပြဿနာရပ်ဆိုင်ရာများကိုသာ သမ္မတထံ ပြောကြားသွားမည်ဟု ၄င်းအနေဖြင့် ပြောခဲ့ခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကိုပြောပေး
မည်ဟု ၄င်းအနေဖြင့် မပြောခဲ့ကြောင်း ဦးမြင့်မှ ငြင်းဆိုသွားခဲ့သည်။
(သတင်းနှင့်ဓါတ်ပုံအားကိုအံ့ဘွယ်ကျော်
-Ant Bwe Kyawဖေ့ဘုတ်မှကူညီပါသည်။)

No comments:

Post a Comment