Sunday, August 11, 2013

ပြစ်မှုတူရင်တောင် ကုလားကို အာမခံလွယ်ပြီး တိုင်းရင်းသားတွေက ထောင်ထဲမှာနေရတယ် လို့ ဆို ======= မြောက်ဦး၊ ၁၀ သြဂုတ် ၂၀၁၃ ၊ Coral Arakan News ၊ [ ပြည်သူ့အသံ ]

ကုလားကို မျက်မှာသာပေးပြီး တိုင်းရင်းသားကို နှိပ်ကွပ်ပါမှ တရားမျှတပါတယ်ထင်နေကြတဲ့ သံတွဲမြို့က ဖိနှိပ်သူများ အကြောင်းကို အများပြည်သူတို့ကြားသိအောင် အသံပြုလိုက်ရပါတယ်။

မနှစ်က ပြီးခဲ့တဲ့ ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ မွန်းတည့် (၁၂)နာရီခန့်မှာ တပ်မတော် ဗျူဟာမှူး၊ သံတွဲရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်မှုနဲ့ မြို့မိမြို့ဖ အပါအ၀င် ဒေသခံအဖွဲ့အစည်းဝင်များ ဟာ သံတွဲ ဂျာမေဗလီကို ၀င်ရောက်ရှာဖွေခဲ့ကြရာ၊ ဗလီရဲ့ မြေအောက်ခန်းမှာ လက်နက် (၁၁)မျိုး ကို ဖမ်းဆီးရရှိခဲ့ပါတယ်။

ဒုတိယအကျော့ ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားလာတဲ့အချိန်မှာ ဒီလို တိုက်ခိုက်ရေးပစ္စည်းတွေ ဖမ်းဆီးရမိတဲ့အတွက် သက်ဆိုင်သူ ကုလားလေးဦးဖြစ်တဲ့ (တစ်) အမှတ်နှစ်ရပ်ကွက်က ဦးချစ်ဦး (နှစ်) အမှတ်နှစ် ရပ်ကွက်နေ ဦးတင်အောင် ခေါ် အာနီဖား (သုံး) အမှတ်တစ် ရပ်ကွက်က ဘိုဘိုအောင် နဲ့ (လေး) အမှတ်တစ် ရပ်ကွက်သား မောင်မောင်ကြီး တို့ကို လက်ပူးလက်ကြပ်အတူတကွ ဖမ်းဆီးခဲ့တယ်။

အဲသည် ဘင်္ဂါလီမူဆလင် တိုက်ခိုက်ရေးသမားတွေကို သံတွဲမြို့နယ်က ရဲမှူးအောင်မြင့် ကိုယ်တိုင် သံတွဲရဲစခန်းမှာ ပ-၁၁၄/၁၂ ၊ လက်နက်ပုဒ်မ- ၁၉/က တို့နဲ့ အမှုဖွင့်ခဲ့ပါတယ်။ သည်လို ထောင်ဒဏ် (၁၀)နှစ်အထိ ကျခံနိုင်လောက်တဲ့အမှုတွေကို ရုံးချိန်း နှစ်ကြိမ်ပဲ စစ်ဆေးပြီး အာမခံနဲ့ လွှတ်ပေးခဲ့ကြပါတယ်။

ယခုအခါ ၂၀၁၃-ခုနှစ် ဇွန်လ (၃၁) ရက်နေ့မှာ သံတွဲကို အလည်ရောက်နေတဲ့ တောင်ကုတ်သူ အသက်မပြည့်တဲ့ မိန်းကလေး မစုစုမွန်ကို ကုလားနှစ်ဦးက မုဒိမ်းကျင့်တဲ့ အမှုဖြစ်ပွားတယ်။

အဲဒါရဲ့နောက်ဆက်တွဲမှာ သံတွဲမှာ မီးလောင်မှုတွေဖြစ်ပွားတဲ့အတွက် တရားခံတွေ လိုက်ရှာရာမှာ၊ မစုစုမွန်အမှုက သက်သေတစ်ဦးဖြစ်တဲ့ ကိုသန်းဌေးအပါအ၀င် (၁၂)ဦးကို ဖမ်းဆီးတယ်။ ထို့နောက်မှာ ကိုသန်းဌေးအပါအ၀င် ခြောက်ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ မီးရှို့မှုတွေနဲ့ တရားစွဲခဲ့တယ်။ ဘာမှ အာမခံမရဘူး။

ထောင်ဒဏ်ဆယ်နှစ် ကျသွားနိုင်တဲ့အမှုတွေမှာ ကျူးလွန်သူတွေက ကုလားတွေ ဖြစ်နေတဲ့အတွက် လွယ်လွယ်နဲ့ အာမခံပေးကာ လွှတ်လိုက်ပြီတော့ ထောင်ဒဏ်ခုနစ်နှစ်လောက်ပဲ ကျခံသွားရမယ့် အမှုတွေမှာ စွဲဆိုခံရသူတွေက တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေဖြစ်နေတဲ့ အခါ အာမခံ မပေးဘဲ ချုပ်နှောင်ထားတဲ့ တရားစီရင်ရေးစနစ်ကို မကျေနပ်ကြတဲ့ ပြည်သူ သုံးရာခန့်က ပြီးခဲ့တဲ့ သြဂုတ်လ ကိုးရက်နေ့က လေးကြိမ်မြောက် ရုံးချိန်းမှာ မတရားစွပ်စွဲ ခံရသူတွေဘက်က မကျေနပ်ကြောင်းကို ထုတ်ဖော်ပြသခဲ့ကြတယ်။

‘ကုလားလာရင်ငွေပါတယ်၊ တိုင်းရင်းသားလာရင် ပြဿနာပါတယ်’ ဆိုတဲ့ ထုံးကိုများ နှလုံးမှုနေကြပါသလားလို့ သံတွဲသူ သံတွဲသား တို့က သက်ဆိုင်ရာတို့ကို မေးမြန်းလိုက်ရပါတယ်၊ အယ်ဒီတာမင်းတို့ ခင်ဗျား . . . ။

(သံတွဲသူ သံတွဲသားများ)

====================

အယ်ဒီတာ့မှတ်ချက်။ ။ ပေးစာများသည် ပေးပို့သူများ၏ အာဘော်သာလျှင်ဖြစ်ပါသည်။

No comments:

Post a Comment