Saturday, August 10, 2013

ပြုပြင်အပြီး တစ်နှစ်ကျော် အကြာတွင် မကွေးမြို့တော် ခန်းမ၏ မျက်နှာကြက်ပြိုကျ Created on Friday, 09 August 2013 23:01


မကွေးမြို့ မြို့တော်ခန်းမအား ၂၀၁၂ ခုနှစ် ဇွန်လပိုင်းက အဆင့်မြှင့် ပြုပြင်ခဲ့အပြီး တစ်နှစ်ကျော်အကြာ သြဂုတ် ၈ ရက် ညနေ ၆ နာရီ မိနစ် ၂၀ က မျက်နှာကြက် တစ်ခုလုံး ပြိုကျခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြိုကျမှုနှင့် ပတ်သက်ပြီး မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မကွေးမြို့ခံ မြို့မိမြို့ဖများ၊ မီဒီယာများနှင့် သြဂုတ် ၉ ရက် နံနက်ပိုင်းက မြို့တော်ခန်းမ ဧည့်ခန်းဆောင်တွင် တွေ့ဆုံရှင်းလင်းခဲ့သည်။

ယင်းခန်းမအား ၁၉၈၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ပထမအကြိမ် အကြီးစားပြင်မှုများ ပြုလုပ်ခဲ့ကာ ၂၀၁၂ ခုနှစ် ဇွန်လက ခန်းမအတွင်းပိုင်း အဆင့်မြှင့် ပြုပြင်မှုများအား မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် GOOD LUCK ကုမ္ပဏီတို့မှ တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်း ထိုသို့ပြုပြင်စဉ်က သံထည်ပစ္စည်းများ အသုံးပြုနိုင်ခြင်း မရှိဘဲ ယခင်ရှိလက်စ ပျဉ်ဒိုင်းတန်းများနှင့်ပင် ခံနိုင်လိမ့်မည်ဟု ယူဆခဲ့ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှုးက ရှင်းလင်းပြောကြားသည်။

အဆိုပါ မျက်နှာကြက် ပြိုကျမှုကို ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စာရင်းစစ်ဋ္ဌာနတို့မှ အကြီးအကဲများ ပါဝင်သည့် စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ ကွင်းဆင်းလေ့လာနေကြောင်း ပျက်စီးခဲ့သည့် တန်ဖိုးမှာ ခန့်မှန်းခြေအရ ကျပ်သိန်း ၇၀၀ ဖိုးခန့် ရှိကြောင်း စုံစမ်းရေး ကော်မရှင်မှ အတည်ပြုပြီးသည်နှင့် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ပျက်စီးမှုများအား အမြန်ဆုံး ပြန်လည်ပြုပြင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မကွေးမြို့တော်ခန်းမ၏ မျက်နှာကြက်ပြိုကျမှုအား သြဂုတ် ၉ ရက်က တွေ့ရစဉ်

အေးချမ်းမွန် Credit To >> Eleven Media Group<< Thanks
Re-posted By ACM 10-8-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment