Tuesday, August 13, 2013

ဘင်္ဂလီများ ဘက်မှ မကြာခဏ ဘက်လိုက်ပေးတက်သည့် မစ္စတာ ကင်တားနား မြန်မာ ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ ဟု ဦးသိန်းညွန့်ဆို Friday, 5 April 2013


အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြား ခဲ့ သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တား နား သည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည် သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ပြောကြားသည်။မတ်လအ တွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့ တွင် စွပ်စွဲပြောကြားခဲ့သည်။ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊မိမိအာဏာရရန် အတွက် ပြည် သူ့အ သက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ သည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိ အာဏာ ရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကိုအဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ် သတ် လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင် တားနား သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့် က ပြောသည်။ မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင် ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှုခံခဲ့ရသေး သည်။

မြန်မာ့ခေတ်

No comments:

Post a Comment