Tuesday, August 13, 2013

I Love Myanmar ရဲ့ ကြေငြာချက်

I MYANMAR ကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးကို မိတ်ဆွေများ သိစေရန် ဝေမျှလိုက်ပါတယ်။

I Myanmar စတင်ခဲ့တာ အပျော်သဘောလဲ မဟုတ်ပါ။ စီးပွါးရေးလုပ်ရန်လဲ မစဉ်းစားမိခဲ့ပါ။ မြန်မာပြည်ကို ချစ်မြတ်နိုးရ်ျ ပေါက်ဖွါးလာသော နှလုံးသားထဲမှ မေတ္တာစစ်ဖြင့် စတင်ခဲ့သည်။ ထို့ပြင် မြန်မာပြည်သားများ နှင့် နိုင်ငံရပ်ခြားသားများအား မြန်မာပြည်ကို ချစ်မြတ်နိုးရန် နိုးဆော်လိုသော စိတ်သာ ရှိခဲ့ပါသည်။

ဒေါ်လီဗီဆပ်နိုင်ထန်း၏ လုပ်ငန်းတိုင်းတွင် I Myanmar မှ လွဲရ်ျ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခဲ့ပါသည်။ "I Myanmar ကို မူပိုင်မယူဘူး မြန်မာပြည်သားတိုင်းအတွက် ဖြစ်ရမယ်လို့" ၂၀၀၉ ခုနှစ်တွင် ဂျာနယ်တစ်စောင် အင်တာဗျူးတွင် ဖေါ်ပြဖူးပါသည်။ I Myanmar ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရင်ကောင်းမလားလို့ တွေးမိတိုင်း မြန်မာပြည်သားအားလုံး၏ မျက်နှာကို ထောက်ပြီး ရိုးသားစွာ အားနာခဲ့ပါသည်။

သို့သော် အခုအချိန်မှာ စီးပွါးရေးသမားများမှ I MYANMAR အား ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သည်ကို သိရသောအခါ မိမိ၏ သဘောရိုးဖြင့် စတင်ခဲ့သော I Myanmar နာမည်နဲ့ ကုန်အမှတ်တံဆိပ်သည် မိမိနဲ့ ထိုက်တန်ကြောင်း ပိုမိုထင်ရှားသိရှိလာပါသည်။

I Myanmar လို့ စတင်နာမည်ပေးစဉ်က လူတော်တော်များများ မြန်မာပြည်ကို စွန့်ခွါချိန်တွင် ဖြစ်သည်။ ထိုချိန်တွင် ပြည်ပတွင် အလုပ်လုပ်သူများ၏ လုပ်ငန်းခွင်များ၊ တရားမ၀င် နေထိုင်သူများ အကျဉ်းထောင်ကျသူများထံသို့ ကူညီရန် သွားရောက်တွေ့ဆုံစဉ်က မြန်မာပြည်သားများ၏ အခက်အခဲသည် မိမိကိုယ်တိုင် ခံစားပြီး ကြေကွဲစွာဖြင့်သော်၎င်း၊ တဖက်တွင် နိုင်ငံတကာ စီးပွါးရေး ပိတ်ဆို့မှုကြောင့် မြန်မာပြည်တွင်းတွင် ပညာရေး၊ ကျန်းမာရေး ထိခိုက်လာသည်ကို ရင်နင့်သောကြောင့် I MYANMAR ဟု နာမည်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်တွင် နာဂစ်မုန်တိုင်းကျသောအခါ ၇ လ အရွယ်သာ ရှိသေးသော သမီးလေးအား ရင်ခွင်ပိုက်ကာ အမေရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်။ မြန်မာပြည်တွင် ၃ လ ကြာနေထိုင်ပြီး ဘိုကလေးမှ အပြန် ၁ ပတ်အကြာတွင် သမီးလေးသည် အအေးမိကာ အဆိပ်တက်ကာ pneumonia septicemia ဖြင့် ရန်ကုန်ကလေးဆေးရုံတွင် အသက်ဆုံးရှုံးခဲ့သည်။ သမီးလေး နောက်ဆုံးဝတ်ဆင်သွားသော အ၀တ်အစားမှာ I MYANMAR ကုန်အမှတ်တံဆိပ်ပါသော အ၀တ်အစားဖြစ်ပါသည်။

သမီးလေးဆုံးသွားပြီးနောက် တခုတည်းသော နှစ်သိမ့်မှုမှာ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးပါးသူများ၏ မိသားစုများနဲ့ နေထိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နာဂစ်ဒေသတွင် အများဆုံး အချိန်ပေးခဲ့ပါသည်။ မိမိသည် သမီးလေး၏ ရုပ်အလောင်းအား မိမိစိတ်ကြိုက် သဂြိုလ်ခွင့်ရခဲ့ပါသည်။ နာဂစ်ဘေးဒါဏ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများသည် ပြန်လည်တွေ့ရှိခြင်းမရှိသောကြောင့် မိမိ၏အဖြစ်သည် များစွာသက်သာသည်ဟု ဖြေသိပ်နိုင်ခဲ့သည်။

မိမိသည် ပြည်ပမှာ အနေများသောကြောင့် တခြားနိုင်ငံသား ခံယူသည်ဟု လွဲမှားစွာ ထင်မြင်ကြသည်။ မြန်မာပြည်အား နိုင်ငံတကာမှ ပိတ်ဆို့စဉ်တလျှောက်လုံး မြန်ုမာနိုင်ငံကူးလက်မှတ်အား ကျစ်ကျစ်ပါ စုပ်ကိုင်ခဲ့သူဖြစ်သည်။ Australia နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရခဲ့ပြီး အချိန်တန်လာလို့ နိုင်ငံသား မခံမနေရဆိုသည့်အချိန်တွင် Australia နိုင်ငံသားဖြစ်ခြင်းအား စွန့်လွှတ်ရ်ျ မြန်မာနိုင်ငံသား ဖြစ်ဖြင်းကိုသာ ရွေးချယ်ခဲ့ပါသည်။ ထိုသို့ ဆိုရာဝယ် တခြားနိုင်ငံသား ခံယူသွားသူများအား မြန်မာနိုင်ငံကို မချစ်လို့ဟု မဆိုလိုပါ။ မိမိ၏ ရွေးချယ်မူကို ဖေါ်ပြခြင်းသာ ဖြစ်ပါသည်။

အခုအချိန်တွင် အမေရိကန်နိုင်ငံ၌ ၂၀၁၉ ခုနှစ်အထိ နေထိုင်ခွင့် ရှိရာ မဖြစ်မနေ နိုင်ငံသားခံယူရမည့် အချိန်ရောက်လာလျင် မိမိ ထပ်မံရွေးချက်မည့် နိုင်ငံသားသည် မြန်မာနိုင်ငံသားဖြစ်ခြင်း တခုတည်းဖြစ်သည်။

I Myanmar စတင်စဉ်က ဘယ်နိုင်ငံ ဘယ်ဒေသကမှ မစသေးပါ။ I MYANMAR အား ၂၀၀၈ ခုနှစ်တွင် Google တွင် ကြော်ငြာထည့်ရာမှ တခြားနိုင်ငံများက အားကျလာကာ အသီးသီး စတင်လာသည်ကို မြင်ရပါသည်။

အခုအချိန်တွင် မြန်မာနိုင်ငံဖွံ့ဖြိုးလာသည်။ စီးပွါးရေးလမ်း ပွင့်လာသည်။ I MYANMAR အား လုယူလိုသူ ပေါ်ပေါက်လာသည်။ ထိုသူအား မိမိဖက်မှ ရိုသေလေးစားမှုပြကာ အကြီမ်ကြိမ်တောင်းပန်ခဲ့ပါသော်လည်း လက်မခံခဲ့ပါ။ ပိုဆိုးလာသည်မှာ လိုဂိုတီထွင်သူ မိမိအား ခြိမ်းခြောက်လာခြင်း၊ စိတ်အနှောက်ဖြစ်အောင် မိုက်ရိုင်းစွာ ဆဲဆိုလာခြင်း၊ လူမျိုးရေး ဘာသာရေး အသုံးပြုကာ လူမှုကွန်ယက်များတွင် ပိုမိုတိုက်ခိုက်လာပါသည်။

မိမိလို လှုဒါန်းသူ စေတနာရှင်များသည် စီးပွါးရေးသမားများမှ တိုက်ခိုက်လာပါက ပြသနာမှ ရှောင်တိမ်းလေ့ ရှိကြသည်။ ထိုအကွက်ကောင်း ယူလိုသူသည် ဒီတကြီမ်တော့ မှားယွင်းသွားသည်။

မိမိသည် သမီးလေးနဲ့အတူ သေမင်းတမာန် ကန်းရိုးတန်းတွင် ခရီးနှင်ခဲ့သူ ဖြစ်သည်။ I MYANMAR အား ဘယ်တော့မှ မစွန့်လွှတ်နိုင်ပါ။ ကမ္ဘာဆုံးတိုင် ရင်ဆိုင်မယ်။

No comments:

Post a Comment